ဆန္ဒပြသူတွေကရဲအရာရှိတွေရဲ့မျက်စိကိုချိန်ပြီးလေဆာရောင်ခြည်တန်းနဲ့ထိုးခဲ့လို့ စုစုပေါင်းရဲအရာရှိ(၉)ယောက်ဒဏ်ရာရခဲ့ တယ်လို့ စနေနေ့မှာဟောင်ကောင်ရဲတပ်ဖွဲ့ကလူမှုကွန်ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ သောကြာနေ့မှာလေဆာရောင်ခြည်တွေ ကြောင့် ထိခိုက်သူတွေထဲမှာ ဝေါင်တိုင်းဆင်ရပ်ကွက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲအရာရှိ(၃)ယောက်ပါဝင်တယ်လို့ ရဲမှူး လူးဝစ် လော်ဆင်းပုန်ကပြောတယ်ဆိုပြီးထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဒဏ်ရာရခဲ့တဲ့ရဲအရာရှိတွေဟာမျက်လုံးရောင်ပြီးနီရဲခဲ့ လို့ နီးစပ်ရာဆေးရုံမှာကုသမှုခံယူနေရတယ်လို့လည်းရဲမှူးကပြောပါတယ်။ တာဝန်ကျရဲအရာရှိတွေကိုလေဆာရောင်ခြည်နဲ့ ထိုးတာဟာသူတို့ကိုတိုက်ခိုက်တဲ့သဘောဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့ဝင်ကိုတိုက်ခိုက်မှု၊ လက်ရောက်မှုနဲ့ ထိခိုက် ဒဏ်ရာရစေမှုတို့နဲ့ အရေးယူလို့ရတယ်လို့လည်းသူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

 

 

 

Related News