ရုရှားအတွက် အလုပ်မလုပ်ဖူးဘူးလို့ ဇန်န၀ါရီ(၁၄)ရက်မှာအမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားကိုဆန့်ကျင်တဲ့လုပ်ရပ်တွေကိုထရမ့်ကလုပ်ခဲ့သလားဆိုတာစုံစမ်းစစ်ဆေးနေတယ်လို့ (၂၀၁၇)ခုနှစ်မှာအမေရိကန် ပြည်ထောင်စုထောက်လှမ်းရေးဗျူရို(F.B.I)ကပြောတယ်လို့ မီဒီယာတွေမှာသတင်းဖော်ပြခဲ့ပြီးနောက် အခုတိုက်ရိုက်ငြင်းဆိုမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရုရှားအတွက် အလုပ်မလုပ်ဘူးရုံသာမကရုရှားနဲ့ဆက်စပ်နေတယ်လို့ မေးနေတဲ့မေးခွန်းတွေက ကောလဟာလပေါ်မှာအခြေခံထားတာလို့ ထရမ့်က လူဝီစီယားနားပြည်နယ်ကို သွားမယ့်ခရီးစဉ်မတိုင်ခင် သတင်းစာရှင်းလင်း ရာမှာ ပြောပါတယ်။

ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်၊ ဇူလိုင်(၁၆)ရက်ကဖင်လန်နိုင်ငံ၊ ဟယ်ဇင်စကီမြို့မှာထရမ့်နဲ့ ရုရှားသမ္မတဗလာဒီမာ ပူတင်တို့ တွေ့ဆုံခဲ့စဉ်ကဆွေးနွေးခဲ့တဲ့အသေးစိတ်အချက်အလက်တွေကို ထရမ့်ကထုတ်မပြောခဲ့သလိုစကားပြန်ရဲ့မှတ်စုတွေကို ထရမ့်ကဖျောက်ဖျက်ပစ်ခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်သတင်းစာကဖော်ပြခဲ့တာကိုလည်းထရမ့်ကငြင်းဆိုနေပြီး ကွန်ဂရက်လွှတ်တော်က အတိုက်အခံဒီမိုကရက်အမတ်တွေကစကားပြန်ကိုဆင့်ခေါ်စစ်ဆေးနိုင်ချေရှိတယ်လို့ ပြောနေပါတယ်။ (F.B.I)ညွှန်ကြားရေးမှူး ဟောင်း ဂျိမ်းမ်စ် ကိုမေးကိုထရမ့်က ရာထူးကနေထုတ်ပယ်ခဲ့ပြီးနောက် (၂၀၁၇)ခုနှစ်၊ မေလမှာအထူးအကြံပေးရောဘတ်မူလာကို (F.B.I)ရဲ့စုံစမ်းစစ်ဆေးမှုတွေလက်လွှဲယူဖို့ တာဝန်ပေးခဲ့ပြီးထရမ့်ရဲ့လက်ရုံးတွေဖြစ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မိုက်ကယ် ဖလင်းနဲ့ မဲဆွယ်ရေးဥက္ကဋ္ဌ ပေါလ် မန်နာဖို့တ်တို့သာမက ရုရှားတော်တော်များများကိုမူလာရဲ့စုံစမ်းမှုတွေက ဖော်ထုတ် နိုင်ခဲ့ပါတယ်။

 

 

Related News