(၃)နှစ်ကျော်ဖြစ်ပွားနေတဲ့ယီမင်ပြည်တွင်းစစ်မှာ နိုင်ငံထဲကို နိုင်ငံတကာအထောက်အပံ့တွေဝင်တဲ့ဆိပ်ကမ်းမြို့ တွေမှာ အပစ်ရပ်ဖို့နဲ့ ခွဲထွက်ရေးသမားတွေဆုတ်ခွာဖို့ ဆွီဒင်နိုင်ငံမှာ ကုလသမဂ္ဂဦးဆောင်ကျင်းပခဲ့တဲ့ အပစ်ရပ်ရေးဆွေးနွေး မှုတွေမှာ သဘောတူခဲ့ပါတယ်။ဒီဇင်ဘာလ(၁၃)ရက်က ယီမင်နိုင်ငံကိုအထောက်အပံ့တွေပေးနေတဲ့အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟူဒေးဒါမှာအပစ်ရပ်ထားဖို့ ယီ မင်ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေက သဘောတူခဲ့ကြပါတယ်။ ဟူသီခွဲထွက်ရေးသမားတွေထိန်းချုပ်ထားပြီး ယီမင် နိုင်ငံသား(၁၈)သန်းလောက်ရှိကြတဲ့ ဟူဒေးဒါအပါအ၀င် ဆိပ်ကမ်းမြို့(၃)မြို့ကို လက်လွှတ်ဖို့ ဟူသီတွေက သဘောတူခဲ့တယ် လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတားစ်ကပြောပါတယ်။ သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်း အနေနဲ့ ဆိပ်ကမ်းမြို့တွေကို ယီမင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားမှာဖြစ်ပြီး အကောက်ခွန်တွေကို ယီမင်ဗဟိုဘဏ်ကိုလွှဲပြောင်းပေး သွားမှာပါ။

ဒီသဘောတူညီချက်ဟာ ယီမင်နိုင်ငံငြိမ်းချမ်းရေးအတွက်အစမှတ်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအ ကြပ်အတည်းတွေအတွက် အဆုံးမှတ်ဖြစ်တယ်လို့ ဂူတာရက်စ်က သတင်းထောက်တွေကိုပြောပါတယ်။ (၂၀၁၅)ခုနှစ်ကတည်း ကစတင်နေတဲ့ယီမင်ပြည်တွင်းစစ်ကြောင့် လူသန်းချီအငတ်ဘေးကြုံနေရသလို နိုင်ငံတကကာအထောက်အပံ့တွေအဓိက၀င် ရောက်တဲ့ အဓိကဆိပ်ကမ်းမြို့ဟူဒေးဒါမှာလည်း တိုက်ပွဲတွေခဏခဏဖြစ်တာကြောင့် အထောက်အပံ့တွေဝင်ရောက်ဖို့ အခက် အခဲတွေရှိခဲ့ပါတယ်။

 

 

Related News