စပိန်နိုင်ငံမြို့တော်မက်ထရစ်မှာ နိုဝင်ဘာလ(၂၈)ရက်က တရုတ်သမ္မတနဲ့ စပိန်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးရှိစေမယ့်ကိစ္စရပ်တွေကို ဆွေး နွေးခဲ့ကြပါတယ်။တရုတ်နဲ့ စပိန်နိုင်ငံတို့ရဲ့(၄၅)နှစ်မြောက်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကိုပူးတွဲတိုးမြှင့်ဖို့နဲ့ နှစ် နိုင်ငံကြားပိုအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေကို နိုဝင်ဘာလ(၂၈)ရက်မှာသဘောတူခဲ့ပါတယ်။ စပိန်နိုင်ငံမြို့တော် မက်ထရစ် ကို တရုတ်သမ္မတရှီကျင့်ပင်သွားရောက်ခဲ့ပြီး စပိန်ဝန်ကြီးချုပ်ပတ်ဒရိုဆန်းချက်စ်နဲ့အစည်းအဝေးပြုလုပ်ခဲ့စဉ်မှာ သဘောတူခဲ့တာ ပါ။

တရုတ်နဲ့ စပိန်နိုင်ငံတို့ရဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အားရကျေနပ်မိပြီး နယ်ပယ်အသီးသီးကနေ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရှီကပြောပါတယ်။ စပိန်နိုင်ငံကို တရုတ်သမ္မတလာရောက်တာဟာ ပြီးခဲ့တဲ့(၁၃)နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံကြားက(၄၅)နှစ်မြောက်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်နေ့နဲ့လည်း တစ်ရက်တည်းဖြစ်နေသလို စပိန်-တရုတ်ဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခုကိုဖွင့်လှစ်နိုင်လိမ့်မယ်လို့ စပိန်ဝန်ကြီးချုပ် ပတ် ဒရိုဆန်းချက်စ်ကပြောပါတယ်။ နှစ်နိုင်ငံကြားကအခြေအနေသစ်တွေအောက်မှာ နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံ ကြည်မှုတွေကိုမြှင့်တင်ဖို့ စပိန်နိုင်ငံဘက်ကအသင့်ရှိနေပြီး တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရာမှာလည်း စပိန်နိုင်ငံကတစိတ်တပိုင်းအဖြစ်ပါဝင်သွားမယ်လို့ ဆန်းချက်စ်ကပြောခဲ့ပါတယ်။

 

 

 

Related News