ထိုင်းနိုင်ငံ၊ နရာသီဝပ်ခရိုင်မှာ အောက်တိုဘာလ(၁၁)ရက်ကသောင်းကျန်းသူတချို့ရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ထိုင်း ကင်းထောက်ရဲ(၃)ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ရဲ(၃)ဦးဟာအူဒွန်သာနီခရိုင်ကနေ နယ်စပ်ဒေသတွေကိုစစ်ဆေးဖို့ အောက်တိုဘာလ(၁)ရက်က တာဝန်နဲ့ရောက်ရှိလာခဲ့သူတွေဖြစ်ပါတယ်။ အဲဒီကင်းထောက်ရဲ(၃)ဦးဟာ သူတို့ရဲ့အခြေစိုက်ဌာန ကိုထရပ်ကားနဲ့ပြန်လာချိန်မှာ သောင်းကျန်းသူတချို့ကသူတို့ရဲ့ထရပ်ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အခုလို ဒဏ်ရာရခဲ့ကြတာလို့ ရူဆိုရဲဌာနရဲ့ပြောကြားချက်အရသိရပါတယ်။ ဒဏ်ရာရသူအားလုံးကိုဆေးရုံကိုပို့ပေးထားပြီးနောက် စုံစမ်း မှုတွေပြုလုပ်ရာမှာ အခင်းဖြစ်ပွားရာနေရာမှာကျည်ခွံအတောင့်(၂၀)ကိုတွေ့ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ နရာသီဝပ်ခရိုင်ဟာ ထိုင်းတောင်ပိုင်းနယ်စပ်ခရိုင်တွေထဲကတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့(၂၀၀၄)ခုနှစ်ကတည်းက သောင်း ကျန်းသူတွေရဲ့ချောင်းမြောင်းတိုက်ခိုက်မှုတွေကြောင့် လူ(၆၈၀၀)ဦးကျော်သေဆုံးခဲ့ရတယ်လို့ ထိုင်းတောင်ပိုင်းစောင့်ကြည့်ရေး အဖွဲ့(DSW)စစ်တမ်းအရသိရပါတယ်။ 

 

 

Related News