မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်လက်ထက်မှာ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားဘက်ကိုထွက်ပြေးသူ လျော့နည်းလာတယ်လို့ တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနရဲ့စစ်တမ်းတွေအရသိရပါတယ်။ (၂၀၁၁)ခုနှစ်မှာ မြောက် ကိုရီးယားကနေထွက်ပြေးသူ(၂၇၀၆)ဦးရှိခဲ့ပြီး (၂၀၁၇)ခုနှစ်မှာတော့ ထွက်ပြေးသူ(၁၁၂၇)ဦးရှိခဲ့တာပါ။ မြောက်ကိုရီးယားနဲ့တ ရုတ်တို့ကြားနယ်စပ်ထိန်းချုပ်မှုတင်းကြပ်တာနဲ့ လူကုန်ကူးသူတွေကို အရေးယူမှုတွေထိထိရောက်ရောက်လုပ်လာတာတွေက အ ရေအတွက်နည်းလာရခြင်းအကြောင်းရင်းတွေဖြစ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်“ပတ်ဗြွန်ဆွတ်”ကသုံးသပ်ပါတယ်။

ကိုရီးယားစစ်ပွဲပြီးဆုံးခဲ့တဲ့(၁၉၅၃)ခုနှစ်တုန်းက မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်ကို တရားမ၀င်ထွက်ပြေး လာသူ(၃)သောင်းကျော်ရှိခဲ့တယ်လို့တောင်ကိုရီးယားအစိုးရကပြောပါတယ်။ ထွက်ပြေးလာသူအများစုက မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်းအရှည်ဆုံးထိစပ်နေတဲ့ တရုတ်နိုင်ငံကတစ်ဆင့် တောင်ကိုရီးယားနိုင်ငံကိုဝင်ရောက်လာတာပါ။ တရုတ်နိုင်ငံကနေ တစ်ဆင့်ဝင်ရောက်လာသူတွေကို ဒုက္ခသည်တွေမဟုတ်ဘဲ တရားမ၀င်ဝင်ရောက်လာသူတွေလို့ တောင်ကိုရီးယားဘက်က သတ်မှတ်တာကြောင့် မြောက်ကိုရီးယားကိုပြန်ပို့ခဲ့တယ်လို့သိရပါတယ်။ ကိုရီးယား(၂)နိုင်ငံဆက်ဆံရေးကလည်း အခုနှစ်မှာပိုတိုး တက်လာခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကိုလည်း မြောက်ကိုရီးယား နိုင်ငံ၊ မြို့တော်ပြုံယမ်းမှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ခေါင်းဆောင်(၂)ဦးသဘောတူခဲ့ပါတယ်။

 

 

Related News