အခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်ဖို့ အမေရိကန်နိုင်ငံကိုရောက်နေကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျ ပန်နိုင်ငံခြားရေးဝန်ကြီးတို့ ဒီနေ့မနက်ပိုင်းမှာတွေ့ဆုံခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။လာမယ့်အောက်တိုဘာလမှာ တရုတ်နိုင်ငံကို ဂျပန်ဝန်ကြီးချုပ် “ရှင်ဇိုအာဘဲ”သွားရောက်ဖို့ ရှိနေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန် ကြီး“၀မ်ယီ”နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး“တာရိုကိုနို”တို့တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာလ(၂၈)ရက်မနက်ပိုင်းက အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာတွေ့ဆုံခဲ့ကြတာပါ။ သူတို့(၂)ဦးရဲ့အခုတွေ့ဆုံမှုက (၂၀၁၈)ခုနှစ်အတွင်း (၄)ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်တဲ့ကာလရှည်ရှုမြင်မှုနဲ့ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ ၀မ်ယီကပြောပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာစေဖို့ ၀န်ကြီးချုပ်အာဘဲက ဆွေးနွေးလိုနေတယ်လို့ ကိုနိုကပြောခဲ့ပါ တယ်။

တခြားနိုင်ငံတစ်နိုင်ငံမှာ တရုတ်-ဂျပန်(၂)နိုင်ငံရဲ့ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့အပါအ၀င် ထင်သာ မြင်သာရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ အာဘဲရဲ့ခရီးစဉ်မှာအကောင်အထည်ပေါ်လာရေးအတွက်လည်း သဘောတူခဲ့ကြပါတယ်။ သူတို့(၂)ဦးရဲ့ဆွေးနွေးမှုတွေမှာ မြောက်ကိုရီးယားနိုင်ငံအရေးလည်းပါဝင်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားအပြီးသတ် ဖျက်သိမ်းရေးအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပိတ်ဆို့မှုတွေကို အပြည့်အ၀အကောင်အထည်ဖော်ဖို့လိုနေတယ်လို့လည်း ပြောခဲ့ပါတယ်။ တရုတ်ရေပိုင်နက်နားမှာ မြောက်ကိုရီးယာသင်္ဘောတွေကုန်တင်ကုန်ချလုပ်နေတာတွေမရှိစေရေးအတွက် တ ရုတ်နိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်း ကိုနိုကတောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ဖြိုခွင်း သွားမယ်လို့ ၀မ်ယီကတုံ့ပြန်ခဲ့ပါတယ်။

 

 

Related News