ကိုရီးယားကျွန်းဆွယ်မှာနျူကလီးယားဖျက်သိမ်းနိုင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ပူးပေါင်းလုပ်ဆောင်သွား မယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲကပြောခဲ့ပါတယ်။ စက်တင်ဘာလ(၂၃)ရက်က နယူးယောက်မြို့မှာရှိတဲ့ ထရမ့် တာဝါမှာ ခေါင်းဆောင်(၂)ဦးတွေ့ဆုံခဲ့ချိန်မှာ ပြောခဲ့တာပါ။ အခုအပတ်ထဲမှာ နောက်တစ်ကြိမ်ထပ်တွေ့ဖို့လည်း သူတို့(၂)ဦးစီစဉ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လမှာကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲရဲ့အရှိန်အဟုန်တွေကို ဆက်ပြီးတိုးမြှင့်သွားဖို့ ထ ရမ့်နဲ့သဘောတူခဲ့တယ်လို့ အာဘဲကသတင်းထောက်တွေကိုပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံကထိန်းသိမ်းထားတဲ့ ဂျပန်နိုင်ငံသားတွေအရေးကိုမြောက်ကိုရီးယားခေါင်းဆောင်“ကင်ဂျုံအန်”နဲ့တိုက်ရိုက်ဆွေးနွေးလိုတယ်လို့အာဘဲကပြောပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေအပေါ် အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတစ်ရပ်ကို သမ္မတထရမ့်နဲ့ ပြုလုပ်နိုင်ခဲ့တယ် လို့လည်းအာဘဲကပြောခဲ့ပါတယ်။

 

 

Related News