စက်တင်ဘာလ(၁၆)ရက်ကကျင်းပခဲ့တဲ့ ဆီးရီးယားဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ရွေးကောက်ပွဲမှာ လူ(၁၂)သန်းလောက်မဲမပေး နိုင်ခဲ့ဘူးလို့ သိရပါတယ်။(၂၀၁၁)ခုနှစ်ကတည်းကစတင်ခဲ့တဲ့ဆီးရီးယားပြည်တွင်းစစ်ကာလမှာ ပထမဆုံးရွေးကောက်ပွဲတွေ ကျင်းပတာဖြစ်ပြီး ဆီးရီးယားခွဲထွက်ရေးသမားတွေထိန်းသိမ်းထားတဲ့ “အစ်ဒ်လစ်ဘ်”ပြည်နယ်ကလူ(၃)သန်းကျော်မဲမပေးနိုင်ခဲ့ သလို “ကာဒစ်ရှ်”စစ်သွေးကြွတွေထိန်းသိမ်းထားတဲ့ ဆီးရီးယားမြောက်ပိုင်းမှာလည်း ရွေးကောက်ပွဲတွေမကျင်းပနိုင်ခဲ့ပါဘူး။ ပြီးခဲ့ တဲ့ရက်ပိုင်းအတွင်း ဆီးရီးယားကို အစ္စရေးက ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေရှိနေချိန်မှာ ဒေသရွေးကောက်ပွဲတွေကျင်းပခဲ့တာပါ။ ရုရှားနဲ့အီရန်နိုင်ငံတို့က ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားသမ္မတ“ဘာရှား အယ်လ်အာဆက်”ရဲ့တပ်ဖွဲ့ဝင်တွေက နိုင်ငံရဲ့(၇၀)ရာခိုင်နှုန်းနီးပါးကို ခွဲထွက်ရေးသမားတွေ နဲ့ အကြမ်းဖက်သမားတွေဆီကနေ ပြန်သိမ်းထားနိုင်ပါပြီ။

 

 

Related News