လာမယ့်ဇွန်လ(၂၄)ရက်မှာ ကျင်းပမယ့်တူရကီသမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ နောက် ဆုံးလူထုစည်းဝေးပွဲကို တူရကီနိုင်ငံထဲကအထင်ကရနေရာ(၁)ခုဖြစ်တဲ့ အစ်စ်မီရာ ကမ်းရိုးတန်းမြို့မှာ ဇွန်လ(၂၂)ရက်ကျင်းပခဲ့ ပါတယ်။ အခုနှစ်တူရကီရွေးကောက်ပွဲကို(၁)နှစ်ကျော်စောပြီး တူရကီသမ္မတရေဂျစ်ပ် တိုင်ရီ အာဒိုဂန်က ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ 

သမ္မတအာဒိုဂန်ဟာသူ့ရဲ့သမ္မတရွေးကောက်ခံပြိုင်ဘက်တွေကြားမှာထင်ရှားသူ(၁)ဦးဖြစ်ပေမဲ့ ပြီးခဲ့တဲ့သတင်းပတ် တွေတုန်းက အတိုက်အခံအဖွဲ့တွေနဲ့ သဘောထားကွဲလွဲမှုတွေရှိနေပြီး ရူပဗေဒဆရာဟောင်း(၁)ဦးဖြစ်တဲ့ မွန်ဟာရမ် အင့်စ်ရဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဇွန်လ(၂၂)ရက်က ကျင်းပခဲ့တဲ့နောက်ဆုံးစုဝေးပွဲမှာ တူရကီနိုင်ငံသား (၁)သန်းကျော်လောက်က အင့်စ်ကိုအားပေးမှုတွေရှိနေတာကြောင့် သမ္မတ အာဒိုဂန်ကစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။ သမ္မတအာဒိုဂန်ရဲ့ AKပါတီကိုထောက်ခံသူတွေဒီရွေးကောက်ပွဲမှာအနိုင်ရဖို့ ရှိ၊ မရှိဆိုတာကိုတော့မသိရသေးတာဖြစ်ပြီး/ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်ကဆန္ဒမဲကောက်ခံရာမှာ တူရဂီနိုင်ငံသားအနည်းငယ်ကသာဆန္ဒမဲပေးရာမှာ ပါဝင်ခဲ့ပါတယ်။ အခုနှစ်တူရကီ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူဟာနိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍသစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ 

 

 

Related News