မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ရာဇတ်ကို မလေးရှားအစိုးရက အလွဲသုံးစားမှု၊ လာဘ်စားမှုတွေနဲ့ တရားစွဲဆိုသွားဖို့ရှိနေ တယ်လို့ မလေးရှားဝန်ကြီးချုပ်မဟာသီယာ မိုဟာမက်က ရိုက်တာသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်ပြောခဲ့ပါတယ်။ နာ ဂျစ်လက်ထက်မှာစတင်တည်ထောင်ခဲ့တဲ့ မလေးရှားအစိုးရပိုင်ရန်ပုံငွေ(1MDB)တွေအလွဲသုံးစားခံရတာနဲ့ပတ်သက်ပြီး မလေးရှား အစိုးရကစုံစမ်းမှုတွေပြုလုပ်နေပါတယ်။  

(1MDB)ကိုအလွဲသုံးစားလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်းထောင်ချီကို အလွဲသုံးရာမှာ ဦးဆောင်ခဲ့တဲ့သူတွေနဲ့ပတ်သက်လို့ မလေးရှားစုံစမ်းရေးမှူးတွေက အကောင်းဆုံးဖြေရှင်းနိုင်ခဲ့တယ်လို့ မဟာသီယာကပြောပါ တယ်။ (1MDB)နဲ့ပတ်သက်တဲ့ သဘောတူညီချက်တိုင်းက နာဂျစ်က လက်မှတ်ထိုးပေးရတဲ့အတွက် နာဂျစ်မှာတာဝန်ရှိပြီး ၀န် ကြီးချုပ်ဖြစ်ခဲ့တုန်းက မလျော်သြဇာသုံးခဲ့တာကို အခြေခံပြီး စုံစမ်းရေးမှူးတွေက တရားစွဲဆိုသွားမယ်လို့ မဟာသီယာကပြောပါ တယ်။

ဒါ့အပြင် နာဂျစ်ကို အစိုးရပိုင်ငွေခိုးယူမှု၊ အစိုးရပိုင်ငွေကိုသုံးပြီး လာဘ်ထိုးမှုအပါအ၀င် တခြားအမှုတွေနဲ့လည်း တရားစွဲ ဆိုသွားမယ်လို့သိရပါတယ်။ လာမယ့်လတွေထဲမှာ (1MDB)နဲ့ပတ်သက်တဲ့ ပထမဆုံးဖမ်းဆီးမှုကိုပြုလုပ်မှာဖြစ်ပြီး အခုနှစ်မကုန် ခင်မှာ ရုံးတင်စစ်ဆေးနိုင်ဖို့မျှော်လင့်နေတယ်လို့ ၀န်ကြီးချုပ်မဟာသီယာက အတည်ပြုပါတယ်။ 

 

 

 

 

Related News