ထိုင်းနိုင်ငံမှာ (၂၀၀၉)ခုနှစ်နောက်ပိုင်းပထမဆုံးအနေနဲ့ အသက်(၂၆)နှစ်အရွယ်အမျိုးသား(၁)ဦးကို လူသတ်မှုကြောင့် ကွပ်မျက် ခဲ့တဲ့အတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆယ်ကျော်သက်တစ်ဦးကိုသတ်ခဲ့တဲ့အဲဒီလူကို ဇွန် လ(၁၈)ရက်က ဘန်ကောင်းအကျဉ်းထောင်မှာကွက်မျက်ခဲ့ပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ဆန္ဒပြမှုမှာပါဝင်သူ တွေက အနက်ရောင်အ၀တ်အစားတွေဝတ်ပြီး ပန်းခွေချဖို့နဲ့ဖယောင်းတိုင်ထွန်းညှိဖို့ ထောင်ဝမှာစုရုံးခဲ့ပါတယ်။

ကွပ်မျက်ခြင်းက အသက်ရှင်ခွင့်ကိုချိုးဖောက်တာဖြစ်ပြီး မှုခင်းကာကွယ်ရေးအတွက် အဖြေမှန်မဟုတ်ဘူးလို့ ကိုကာကွယ်ဖို့ အခွင့်အရေးမရှိဘူးလို့ ထိုင်းနိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးပီယန်နွတ် ကော့စန်းကပြောပါတယ်။ ကမ္ဘာနိုင်ငံ တွေရဲ့သုံးပုံနှစ်ပုံက သေဒဏ်ပေးတာကိုဖျက်သိမ်းခဲ့ပေမဲ့ သေဒဏ်ကြောင့် မှုခင်းလျှော့ကျသွားမယ်ဆိုတဲ့အယူအဆအရ ထိုင်း နိုင်ငံကတော့ သေဒဏ်ကိုမပယ်ဖျက်သေးဘူးလို့လည်းပြောပါတယ်။

(၂၀၀၉)ခုနှစ်နောက်ပိုင်း ထိုင်းမှာ သေဒဏ်ချမှတ်တာတွေ မရှိတော့ပေမဲ့ အခုဖြစ်ရပ်ကြောင့် ထိုင်းအာဏာပိုင်တွေက ခြေတစ်လှမ်းဆုတ်ခဲ့တာလို့လည်းပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ပရာ ရွတ်ချန်အိုချာအခုရောက်ရှိနေတဲ့ ပြင်သစ်နဲ့ဗြိတိန်အစိုးရတို့က ထိုင်းမှာ သေဒဏ်ပေးတာပယ်ဖျက်ပေးဖို့ ပရာရွတ်ကိုတောင်းဆို နေကြပါတယ်။

 

 

 

 

Related News