အမေရိကန်နိုင်ငံဆီရွှေ့ပြောင်းလာသူတွေကို မိသားစုတွေမခွဲထားဘဲ ထိန်းသိမ်းထားတော့မယ်ဆိုတဲ့ အထူးအမိန့်တစ်ရပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အစောပိုင်းမှာတော့ သက်သေအထောက်အထားမပါတဲ့ရွှေ့ ပြောင်းအခြေချသူတွေနဲ့ သူတို့ရဲ့ကလေးငယ်တွေကို နေရာခွဲပြီး ထိန်းသိမ်းထားတဲ့ သမ္မတထရမ့်ရဲ့မူဝါဒကို နိုင်ငံတကာကပြင်း ပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ 

တရားမ၀င်နယ်စပ်ဖြတ်ကျော်ခဲ့တာကြောင့် ရာဇ၀တ်မှုနဲ့ထိန်းသိမ်းခံနေရတဲ့မိဘတွေနဲ့ ကလေး ငယ်တွေကွဲကွာနေတဲ့ပုံရိပ်တွေကြောင့် စိတ်ထိခိုက်ခဲ့ရတယ်လို့ သမ္မတထရမ့်ကပြောခဲ့ပါတယ်။ မူဝါဒပြောင်းလဲလိုက်ပေမဲ့ လတ် တလောတရားရင်ဆိုင်နေရဆဲမိသားစုတွေကိုတော့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

မေ(၅)ရက်နဲ့ဇွန်(၉)ရက်ကြားမှာ ကလေး (၂၃၄၂)ဦးက မိဘ(၂၂၀၆)ဦးနဲ့ ကွဲခဲ့တယ်လို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မိသား စုတွေပြန်လည်ပေါင်းစည်းရေးအတွက် အခုမူဝါဒကို အတည်ပြုလိုက်တာလို့ လက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာ သမ္မတထရမ့် ကပြောခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့မူဝါဒဟောင်းကို သမ္မတကတော် မယ်လန်နီယာထရမ့်နဲ့ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်တို့က လည်း ဝေဖန်ခဲ့ကြပါတယ်။

 

 

 

 

Related News