မြောက်ကို ရီးယားနိုင်ငံက ဒုံးကျည်နဲ့တိုက်ခိုက်လာရင် တုံ့ပြန်ဖို့ပြုလုပ်တဲ့ ရွှေ့ပြောင်းရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ဂျပန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးဖြစ်လာရေးကြိုးပမ်းနေတဲ့ ဂျပန်နိုင်ငံဘက်ကပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့တိုက်ခိုက်လာမယ်ဆိုရင် တုံ့ပြန်ဖို့ပြုလုပ်တဲ့လေ့ကျင့်မှုတွေကိုရပ်ဆိုင်းထားမယ်လို့ ဂျပန် ဘက်ကဆုံးဖြတ်ခဲ့တယ်ဆိုပြီး ကျိုဒိုသတင်းအေဂျင်စီကဖော်ပြပါတယ်။

အခုလ(၁၂)ရက်မှာကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကို ရီးယားထိပ်သီးအစည်းအဝေးမှာ စစ်ရေးအရတင်းမာမှုတွေကို လျှော့ချနိုင်ခဲ့တဲ့နောက်ပိုင်း ဂျပန်ဘက်ကအခုလိုပြောခဲ့တာပါ။ ဇွန် လ(၂၂)ရက်မှာ လေ့ကျင့်မှုနဲ့ပတ်သက်ပြီးအသေးစိတ်ကြေညာသွားမယ်လို့ ဂျပန်အစိုးရအဖွဲ့ဝင်(၁)ဦးကပြောတယ်ဆိုပြီး ရိုက် တာသတင်းဌာနကဖော်ပြပါတယ်။

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်မှာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်(၂)စင်းဟာ ဂျပန်ရေပိုင် နက်ထဲကအထူးစီးပွားရေးဇုန်နားကိုကျခဲ့သလို (၆)ကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုလည်းပြုလုပ်ခဲ့တာကြောင့် ဂျပန်နိုင်ငံမြို့ တော်တိုကျိုမှာ ပထမဆုံးဘေးလွတ်ရာရွှေ့ပြောင်းတဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး နောက်ထပ်မြို့တွေမှာလည်း လေ့ကျင့်မှုတွေ ထပ်လုပ်ခဲ့ပါတယ်။

အခုနှစ်မှာတော့ ဂျပန်နိုင်ငံက စီရင်စု(၉)ခုမှာ အဲဒီလေ့ကျင့်မှုတွေပြုလုပ်ဖို့ အစောပိုင်းမှာစီစဉ်ထားတယ်လို့ ကျိုဒိုသတင်းမှာပါဝင်ပါတယ်။ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံဟာ ကိုရီးယားကျွန်းဆွယ်မှာ နျုကလီးယားအပြီး သတ်ဖျက်သိမ်းရေးအတွက် အဆင့်တစ်ဆင့်ဖြစ်တယ်လို့ ဂျပန်ဘက်ကရှုမြင်ထားပြီး မြောက်ကိုရီးယားရဲ့ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံသားတွေအရေးအတွက် ဂျပန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးကျင်းပဖို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက စီစဉ် နေချိန်မှာ လေ့ကျင့်မှုတွေရပ်ထားမယ်လို့ ပြောခဲ့တာပါ။

 

 

Related News