မေလ(၁၆)ရက်မှာ ဆီးရီးယားနိုင်ငံက စီးပွားရေးဆိုင်ရာအဆောက်အအုံ(၁)ခုကို အကြမ်းဖက်သမားတွေက ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကြောင့် လူ(၂)ဦးသေဆုံးပြီး နောက်ထပ် လူ(၁၉)ဦးဒဏ်ရာရခဲ့ပါတယ်။ မေလ(၁၆)ရက်က ဆီးရီးယားနိုင်ငံမြို့တော်ဒမားစကတ်နားက ၀ိတိုရိယတံတားနားမှာရှိတဲ့ စီးပွားရေးဆိုင်ရာအဆောက်အအုံ (၁)ခုကို ဆီးရီးယားအကြမ်းဖက်သမားတွေက ဒုံးကျည်နဲ့ပစ်ခဲ့တာကြောင့် အနည်းဆုံးလူ(၂)ဦး သေဆုံးပြီး နောက်ထပ်လူ(၁၉) ဦးဒဏ်ရာရခဲ့ပါတယ်။
 
အယ်လ်ဟာဂျာ အယ်လ်အက်စ်ဝဒ်မြို့နဲ့ ဒမားစကတ်မြို့ကြားမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ဝင်လက်ကျန် တွေက ဒုံးကျည်နဲ့ပစ်ခဲ့ပြီး လူအထိအခိုက်ရှိခဲ့ရုံသာမက ဈေးဆိုင်တွေ၊ လူနေအိမ်တွေနဲ့ ကားတွေလည်းပျက်စီးခဲ့ပါတယ်။ ဒဏ်ရာ ရသူအများစုက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေလို့ သူတို့ကို အယ်လ် မိုဝက်စတ်နဲ့ ဒမားစကတ်ဆေးရုံတွေကို ပို့ထားပြီး ဆေးကုသမှုတွေပေးနေတယ်လို့ ဆီးရီးယားအစိုးရပိုင်ဆာနာသတင်းဌာနက သတင်းဖော်ပြပါတယ်။
 
အခုနှစ်အစောပိုင်းမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက နိုင်ငံထဲက အကြမ်းဖက်သမားတွေကို နှိမ်နှင်းနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပြီး မတ်လကလည်း လက်ကျန်အကြမ်းဖက်သမားတွေရှိနေတဲ့ ဂို့တာအိုအေစစ်ဒေသကို ပိတ်ဆို့ခဲ့တာကြောင့် ဗုံးပေါက်ကွဲမှုတွေမကြာခဏဖြစ်ခဲ့သလို ဒဏ်ရာရခဲ့တဲ့ဒေသခံတွေကိုရွှေ့ပြောင်းဖို့ ရုရှားအစိုးရက ဦးဆောင်ပြီး ညှိနှိုင်းပေးခဲ့ပါတယ်။ 
 
 

Related News