အီရန်နိုင်ငံမှာ ဖိအားတွေရှိနေပေမဲ့ နိုင်ငံရဲ့ကာကွယ်ရေးနဲ့ ဒုံးကျည်အစီအစဉ်တွေကို နောက်မဆုတ်ဘူးလို့ မေလ(၁၅)ရက်က ကျင်းပတဲ့ အီရန်တရားဝန်ကြီးဌာနအရာရှိကြီးများအစည်းအဝေးမှာ အီရန်တရားသူကြီးချုပ်ဆာဒက် အာမိုလီ လာရီဂျာနီကပြော ခဲ့ပါတယ်။ အီရန်နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်နုတ်ထွက်ပြီးနောက် စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ပြည်တွင်းစွမ်းရည်မြင့်မားရေးကို မှီခိုနေတယ်လို့ လာရီဂျာနီကပြောပါတယ်။သဘောတူချက်ကနေနုတ်ထွက်ခဲ့တာ က အမေရိကန်အစိုးရရဲ့မယုံကြည်ရတဲ့သဘောသဘာဝကိုသိခဲ့ရတာလို့ တရားရေးအရာရှိတွေကပြောပါတယ်။ အမေရိကန်နိုင် ငံရဲ့အကျိုးကိုပဲ အလေးပေးတယ်ဆိုတာကို ဖော်ပြခဲ့ပြီး စစ်ပွဲတွေနဲ့ အစုလိုက်သတ်ဖြတ်တာတွေကို ကန့်သတ်မှုမရှိဘူးဆိုတာ ဖော်ပြနေတယ်လို့လည်းပြောပါတယ်။ 

တရုတ်သမ္မတရှီကျင့်ပင်နဲ့ အာရှပေါင်ဝါဖိုရမ်(BFA)ဥက္ကဌ ဘန်ကီမွန်းတို့ မေလ(၁၅)ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့နားလည်မှုတည်ဆောက်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အာရှနဲ့ကမ္ဘာ့ပြဿ နာတွေဖြေရှင်းရာမှာ (BFA)ကိုစတင်တည်ထောင်ခဲ့တဲ့လွန်ခဲ့တဲ့(၁၇)နှစ်ကတည်းက အဓိကပါဝင်နေပါတယ်။ (BFA)ရဲ့အဓိက လုပ်ငန်းစဉ်နဲ့ ရည်ရွယ်ချက်က အာရှစီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့နဲ့ နှစ်ဦးနှစ်ဖက်အောင်မြင်စေဖို့ဖြစ်တယ်လို့ တ ရုတ်သမ္မတရှီကျင့်ပင်ကပြောပါတယ်။နိုင်ငံစုံကုန်သွယ်မှုစနစ်နဲ့ နိုင်ငံစုံပါဝင်တဲ့ကုန်သွယ်မှုစနစ်ကိုထိန်းသိမ်းဖို့နဲ့ ပွင့်လင်းတဲ့ကမ္ဘာ့ စီးပွားရေးဈေးကွက်တည်ဆောက်ဖို့ တရုတ်နိုင်ငံကထောက်ပံ့သွားမှာဖြစ်ပြီး (BFA) အဖွဲ့နဲ့ အဖွဲ့ရဲ့လွှမ်းမိုးနိုင်မှုကိုလည်း ဆက် ထောက်ပံ့သွားမှာဖြစ်တယ်လို့ သမ်္မတရှီက ဖိုရမ်ဥက္ကဌဘန်ကိုပြောပါတယ်။ အထောက်အပံ့တွေအတွက် တရုတ်အစိုးရကိုကျေး ဇူးတင်ကြောင်းနဲ့  အာရှဒေသကို တရုတ်နိုင်ငံရဲ့ရပ်ဝန်းနဲ့လမ်းကြောင်းရှေ့ပြေး(Belt and Road Initiative)နဲ့အတူ ပွင့်လင်းဖို့နဲ့ ဖန်တီးနိုင်စွမ်းမြင့်ဖို့ ဖိုရမ်ကလုပ်ဆောင်သွားမယ်လို့ ဘန်ကီမွန်းကပြောခဲ့ပါတယ်။

အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(APEC)ရဲ့ ဒုတိယအရာရှိကြီးတွေအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို ပါပူ ၀ါနယူးဂီနီနိုင်ငံမြို့တော်ပေါ့တ်မော်ရက်စဘီမှာ မေလ(၁၄)ရက်က  (APEC)လေ့လာရေးပူးပေါင်းအဖွဲ့ညီလာခံနဲ့အတူ စတင်ကျင်း ပခဲ့ပါတယ်။ ဆွေးနွေးပွဲကို (APEC)လေ့လာရေးစင်တာနဲ့ ပါပူဝါနယူးဂီနီအမျိုးသားသုတေသနအဖွဲ့တို့က လက်ခံကျင်းပတာဖြစ်ပြီး  (APEC)အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးအတွက် လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးစေဖို့ ဘယ်လိုသုတေသနနဲ့မူဝါဒတွေက အထောက်အ ကူပြုမလဲဆိုတာကို ဆွေးနွေးဖို့ ကျင်းပတာဖြစ်ပါတယ်။ 

 

 

 

 

Related News