ပြင်သစ်နိုင်ငံမြို့တော်ပဲရစ်မြို့လယ်မှာ ဧပြီလ(၁၂)ရက်ညနေပိုင်းက ဓားနဲ့တိုက်ခိုက်ခဲ့သူက ရုရှားနိုင်ငံက ချေချင်ညာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာမွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသား ခံယူထားသူဖြစ်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက အတည်ပြုပါတယ်။ခမ်ဇတ် အစီမော့ဗ် ဆိုတဲ့အဲဒီပြင်သစ်နိုင်ငံသားဟာ ပြင်သစ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့ ယူဆရတဲ့အတွက် ပြင်သစ်ရဲတပ်ဖွဲ့က စောင့်ကြည့်နေသူလည်းဖြစ်ပါတယ်။ အော်ပရာခရိုင်မှာ အစီမော့ဗ်ရဲ့တိုက်ခိုက်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ပြီး လူ(၄)ဦးဒဏ်ရာရခဲ့ပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့က သူ့ကိုအသေပစ်ဖမ်းခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာရှိနေတယ် လို့ အိုင်အက်စ်အကြမ်းဖက် အဖွဲ့ကထုတ်ပြောထားပါတယ်။စစ်ဆေးမေးမြန်းဖို့ မေလ(၁၃)ရက်ကတိုက်ခိုက်မှုအပြီးမှာ စထရာ့စ် ဘော့ဂ်ျမြို့မှာနေထိုင်တဲ့  အစီမော့ဗ် ရဲ့မိတ်ဆွေဖြစ်သူကို ထိန်းသိမ်းခဲ့တယ်လို့ သတင်း တွေမှာဖော်ပြ နေပါတယ်။ ပြီးခဲ့တဲ့(၃)နှစ်အတွင်း ပြင်သစ်နိုင်ငံမှာ အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့် လူ(၂၃၀)ကျော်သေဆုံးခဲ့တာကြောင့် ပြင်သစ်နိုင်ငံမှာ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သတိကြီးကြီးထားနေကြပါတယ်။ 

 

 

 

 

Related News