မေလ(၁၄)ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရမြို့မှာရှိတဲ့ ရဲဌာနချုပ်(၁)ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်(၂)စီးကိုစီး လာတဲ့လူ(၅)ယောက်ပါဝင်တဲ့ မိသားစု(၁)ခုက ဗုံးဖောက်ခွဲခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ဖောက်ခွဲခဲ့တဲ့မိ သားစုထဲက အသက်(၈)နှစ်အရွယ် ကလေးငယ်(၁)ဦးအသက်ရှင်ကျန်ခဲ့တယ်လို့သိရပါတယ်။ အခုဖြစ်ရပ်ကြောင့် အရပ်သား(၆) ဦးနဲ့ ရဲသား(၄)ဦး ဒဏ်ရာရခဲ့ပါတယ်။ အသက်ရှင်ခဲ့တဲ့ကလေးငယ်က အခုတိုက်ခိုက်မှုကိုကျူးလွန်ခဲ့တဲ့ သူ့ရဲ့မိဘ(၂)ဦးကြားမှာ ညပ်ခဲ့တာကြောင့် အသက်ရှင်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာနားမှာ ကလေးငယ်ကိုတွေ့ခဲ့ရပါတယ်။

မေလ(၁၃)ရက်က ဆူရာဘာ ရမြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း (၃)ကျောင်းကို  အသေခံဗုံးခွဲခဲ့ပြီးတဲ့နောက် အခုတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကတော့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့လွှမ်းမိုးမှုရှိနေတဲ့ (JAD)အဖွဲ့ရဲ့လက်ချက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပါတယ်။ လူဦးရေသန်း(၂၆၀)ကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မွတ်စလင်အများစုနေထိုင်ကြပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်း အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုခံနေရ တာပါတယ်။ စနေနေ့ကကျင်းပခဲ့တဲ့ အီရတ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟယ်ဒါ အယ်အဘဒီရဲ့ ရှီအာပြိုင်ဖက်က ထောက်ခံမဲတော်တော် များများရခဲ့တယ်လို့ အစောပိုင်းမဲရလဒ်တွေအရသိရပါတယ်။ ရှီအာဘာသာရေးခေါင်းဆောင်မိုတာဒါ အယ်ဆာဒါးဦးဆောင်တဲ့ပါ တီက ထောက်ခံမဲအများဆုံး ရထားပြီး အီရတ်စစ်ခေါင်းဆောင်(၁)ဦးဦးဆောင်တဲ့ပါတီကတော့ ဒုတိယမဲအများဆုံး ရထားပါတယ်။ အယ်ဘဒီရဲ့ပါတီကတော့ တတိယနေရာမှာရှိနေပြီး မဲရလဒ်အပြည့်အစုံကတော့ မေလ(၁၄)ရက် ညပိုင်းမှာမှ ထုတ်ပြန်မှာပါ။ အခုရွေးကောက်ပွဲမှာ လွှတ်တော်အမတ်(၃၂၉) နေရာအတွက် အီရန်ကပြည်နယ်(၁၈)ခုမှာနေထိုင်တဲ့ မဲပေးခွင့်ရှိသူ(၂၅)သန်းက မဲပေးခဲ့ကြတာပါ။ အီရန်နိုင်ငံဟာ အိုင်အက်စ်အကြမ်းဖက်သမားတွေကို အောင်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာကြေညာခဲ့ ပြီးနောက် အခုရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာပါ။

မေလ(၁၄)ရက်မှာဖွင့်လှစ်မယ့် ဂျေရုစလင်မြို့ကအစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသစ် ဖွင့်ပွဲမတိုင်ခင်မှာ သံရုံးဖွင့်မှာကိုတားမြစ်ဖို့ မေလ(၁၃)ရက်မှာ ပါလက်စတိုင်းတွေက ဆန္ဒပြခဲ့ကြပါတယ်။ အစ္စလာမ်မာဘတ်ဒ်မြို့မှာ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ ဂျေရုစလင်မြို့ကို အမေရိကန်သံရုံးပြောင်းရွှေ့ပြီး အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာလမှာအသိအမှတ်ပြု လိုက်တဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို ရှုတ်ချတယ်လို့ ဆန္ဒပြနေတဲ့ ပါလက်စတိုင်းတွေက ပြောပါတယ်။ သံရုံးဖွင့်ပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်မတက်ရောက်ပေမဲ့ သူ့ရဲ့သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်နဲ့ သားမက်ဖြစ်သူတို့တက်ရောက်ဖို့ အစ္စရေးနိုင်ငံကို မေလ(၁၃)ရက်မှာ ရောက်ရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံပိုင် မလေးရှားမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေ (1MDB)ကိုစာရင်းစစ်ခဲ့တဲ့အစီရင်ခံစာကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားရာကနေ ပယ်ဖျက်ဖို့ မလေးရှားဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက်က မေလ(၁၃)ရက်မှာပြောခဲ့ပါတယ်။ ရဲတွေဆီကနေ အဲဒီအစီရင်ခံစာကို ရတာနဲ့ လေ့လာသွားမယ်လို့ မဟာသီယာကပြောပါတယ်။ (၂၀၁၆)ခုနှစ်၊ ဧပြီလမှာ အဲဒီအစီ ရင်ခံစာကို မလေးရှားလွှတ်တော်ရဲ့ပြည်သူ့စာရင်းစစ်ကော်မတီကို တင်ပြခဲ့ပေမဲ့ မလေးရှား စာရင်းစစ်ချုပ်က နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခဲ့ပြီး ချိတ်ပိတ်ထားတာကြောင့် လွှတ်တော်မှာဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဦးဆောင်ခဲ့တဲ့ (1MDB) ရန်ပုံငွေတွေကို နာဂျစ်ကိုယ်တိုင်နဲ့အဖွဲ့ဝင်တွေက အလွဲသုံးခဲ့တယ်လို့ စွပ်စွဲခံထား ရတာကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမြန်ဆုံးစုံစမ်းစစ်ဆေးသွားမယ်လို့ မဟာသီယာက ပြောပါတယ်။

 

 

 

Related News