မေလ(၁၃)ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရမြို့က ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ အသေခံဗုံးခွဲခဲ့တာကြောင့် သေဆုံးသူ(၁၃)ဦးအထိရှိလာပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပါတယ်။ တိုက်ခိုက်မှုတွေကို ဆီးရီးယားနိုင်ငံကပြန်လာတဲ့ မိသားစု(၁)စုက ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ပြောထားပါတယ်။ အမေနဲ့သမီး(၂)ဦးက ဘုရားကျောင်း(၃)ကျောင်းကို ဖောက်ခွဲခဲ့ပြီးနောက် အဖေနဲ့သား(၂)ဦးက နောက်ထပ်ဘုရား ကျောင်းတွေကို ပစ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။ ဗုံးခွဲခဲ့သူတွေက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့လွှမ်းမိုးမှုခံထားရတဲ့ ဂျာမားအန်ရှာရွတ် ဒူလာ (JAD)အဖွဲ့ဝင်တွေဖြစ်တယ်လို့ အင်ဒိုနီးရှားရဲချုပ်တီတို ကာနာဗီယန်ကပြောပါတယ်။

ဆီးရီးယားအစိုးရကို တိုက်ခိုက်နေတဲ့ အိုင်အက်စ်တွေရဲ့လှုပ်ရှားမှုတွေမှာ အဲဒီမိသားစုပါဝင်ခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ အခုပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်(၁)ခုအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ လူအသေအပျောက်အများဆုံးဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီး လူ(၄၀) ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုဖြစ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့လုပ်ရပ်ဖြစ်ပြီး တိုက်ခိုက်ရေးသမားတွေရဲ့ကွန်ယက် ကို ထိုးဖောက်ဝင်ရောက်ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားတယ်ဆိုပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုကပြောထားပါတယ်။

 

 

 

Related News