မြောက်ကိုရီးယားနိုင်ငံက ပြွန်ဂဲရီနျူကလီးယားစမ်းသပ်ရေးစခန်းကို လာမယ့်သီတင်းပတ် (၂)ပတ်အတွင်း နိုင်ငံခြားသတင်း ထောက်တွေရဲ့မျက်မှောက်မှာ ဖျက်သိမ်းသွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်ုဃဗြသတင်းဌာနက မေလ(၁၂)ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။ မေလ(၂၂)ရက်နဲ့(၂၅)ရက်ကြားမှာပြုလုပ်မယ့် ဖျက်သိမ်းရေးအတွက် နည်းပညာပိုင်းစီမံဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။ ပြွန်ဂဲရီစခန်းက ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ စက်တင်ဘာလမှာ တစိတ်တပိုင်းပျက်စီးခဲ့တယ်လို့ တရုတ် သိပ်္ပံပညာရှင်တွေက အစောပိုင်းမှာ ပြောထားပါတယ်။
 
ဇွန်လ(၁၂)ရက်မှာကျင်းပမယ့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီ လာခံမတိုင်ခင်(၃)ပတ်အလိုမှာ ဖျက်သိမ်းမှာဖြစ်ပါတယ်။ အခုလထဲမှာ ပြွန်ဂဲရီ နျူကလီးယားစမ်းသပ်စခန်းကို ဖျက်သိမ်းသွားမှာ ဖြစ်ပြီး အမေရိကန်နဲ့တောင်ကိုရီးယားနိုင်ငံတို့က နျူကလီးယားကျွမ်းကျင်သူတွေကို ဖိတ်ကြားပြီး စောင့်ကြည့်ခိုင်းသွားမယ်လို့ မြောက်ကိုရီးယားဘက်ကပြောခဲ့တယ်ဆိုပြီး တောင်ကိုရီးယား အာဏာပိုင်တွေကပြောခဲ့ပါတယ်။ မေလ(၁၂)ရက်က မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတကာ ပညာရှင်တွေကို ဖိတ်ကြားသွားမယ်ဆိုတာတော့ မပါဝင်ပါဘူး။ 
 
 
 

Related News