(၂၀၁၅)နျူကလီးယားစာချုပ်က အမေရိကန်နှုတ်ထွက်တာကြောင့် အီရန်နိုင်ငံသားတွေ ကန့်ကွက်ခဲ့ကြပြီး သဘောတူစာချုပ်မှာ ပါဝင်တဲ့ ကျန်တဲ့နိုင်ငံတွေနဲ့ ညှိနှိုင်းဖို့ အီရန်နိုင်ငံခြားရေး ၀န်ကြီးက စီစဉ်နေပါတယ်။ 
(၂၀၁၅)အီရန်နျူကလီးယားသဘောတူစာချုပ်ကနေနှုတ်ထွက်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်ကို အီရန် နိုင်ငံသားထောင်ချီကဆန္ဒပြခဲ့ကြပြီး သဘောတူစာချုပ်မှာပါဝင်တဲ့ တခြားနိုင်ငံတွေနဲ့ညှိနှိုင်းဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာ မက် ဂျာဗက် ဇာရစ်ဖ်ကစီစဉ်နေပါတယ်။ သဘောတူစာချုပ်ရဲ့အနှစ်သာရမှာ ချို့ယွင်းချက်တွေရှိနေပြီး တစ်ဖက်သတ်ဆန် တယ်လို့ ဝေဖန်ခဲ့တဲ့ သမ္မတထရမ့်ကို ဆန့်ကျင်ကြောင်းနဲ့ သူ့ရဲ့ပြောစကားတွေက အဓိပ္ပာယ်မရှိကြောင်း ဆန္ဒပြသူတွေက မေလ (၁၁)ရက်မှာ ပြောခဲ့ကြပါတယ်။
 
“အမေရိကန်ကျဆုံးပါစေ”၊ “ညှိနှိုင်းမှုတွေကို လက်ခံသွားမှာမဟုတ်ဘူး”လို့လည်း ဆန္ဒပြသူတွေ က ကြွေးကြော်ခဲ့ကြတယ်လို့ အီရန်အစိုးရပိုင်အီရစ်ဘ်သတင်းဌာနကသတင်းဖော်ပြပါတယ်။ (၂၀၁၅)ခုနှစ်က အင်အားကြီး(၆) နိုင်ငံနဲ့ အီရန်နိုင်ငံတို့ ချုပ်ဆိုထားတဲ့နျူကလီယားသဘောတူစာချုပ်အရ အီရန်ရဲ့နျူကလီးယားလုပ်ငန်းစဉ်တွေကို ကန့်သတ် ထားပြီး အပြန်အလှန်အနေနဲ့  ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အီရန်ကို ပိတ်ဆို့ထားတာတွေ ပြန်ရုတ်သိမ်းခဲ့ပါ တယ်။ သမ္မတထရမ့်က သဘောတူစာချုပ်ကနေ နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီးနောက် အီရန်သမ္မတဟတ်ဆန် ရိုဟာနီက ကန့်ကွက်ခဲ့ပြီး  စာချုပ်မှာပါဝင်တဲ့နိုင်ငံတွေနဲ့ဆွေးနွေးဖို့ ဇာရစ်ဖ်ကိုညွှန်ကြားခဲ့ပါတယ်။ သဘောတူညီချက်ကို ဆက်ထိန်းထားဖို့ ဥရောပနိုင်ငံတွေက လိုလားနေတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။
 
 

Related News