ပြီးခဲ့ တဲ့ရက်ပိုင်းက ဆီးရီးယားနိုင်ငံမှာ အစ္စရေးနဲ့အီရန်တပ်ဖွဲ့တွေရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကို စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတားစ်ကထုတ်ပြန်ခဲ့ပါတယ်။ မေလ(၆)ရက်မှာ ဆီးရီးယားက အစ်္စရေးတပ်ဖွဲ့တွေတပ်စွဲထားတဲ့နေရာတွေကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာနဲ့ အစ္စရေးကာ ကွယ်ရေးတပ်ဖွဲ့တွေကတုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံမှုတွေကြောင့် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်အန်ထော်ညော် ဂူတားစ်ကပြောတယ်ဆိုပြီး ကုလသမဂ္ဂပြောခွင့်ရသူစတီဗင် ဒျူရှာရစ်က မေလ(၁၀)ရက်မှာပြောပါတယ်။

ကုလသမဂ္ဂစစ်ဆုတ်ခွာရေးတပ်ဖွဲ့တွေက ဆီးရီးယားအာရပ်လက်နက်ကိုင်တပ်ဖွဲ့(SAAF)နဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်နေပြီး တစ်ဖက်နဲ့တစ်ဖက်အပြည့်အ၀သည်းခံဖို့နဲ့ တပ်ဆုတ်ခွာရေးသဘောတူညီထားတဲ့ကတိက၀တ်တွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဒျူရှာရစ်ကပြောပါတယ်။ ဆိုးရွားတဲ့ပဋိပက္ခတွေကြောင့် အရပ်သားတွေထိခိုက်နေတဲ့ဒေသ မှာ အခြေအနေတင်းမာစေတဲ့အပြုအမူတွေနဲ့ စစ်ရေးအရကျူးကျော်တဲ့အပြုအမူတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ဂူတားစ်ကတိုက် တွန်းခဲ့တယ်ဆိုပြီး ဒျူရှာရစ်ကပြောပါတယ်။ ကုလသမဂ်္ဂကိုပေးပို့တဲ့အစီရင်ခံစာအရ မေလ(၉)ရက်ညပိုင်းမှာ ဆီးရီးယားနိုင်ငံက ဂိုလန်ထိန်းသိမ်းခံနယ်မြေကို အီရန်တပ်ဖွဲ့တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အစ်္စရေးတပ်ဖွဲ့တွေကလည်း ဆီးရီးယားနိုင်ငံ မှာရှိတဲ့ အီရန်တပ်ဖွဲ့တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးရဲ့ဒုံးကျည်တွေကို ဆီးရီးယားတပ်ဖွဲ့ရဲ့ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် ဆာနာရုပ်သံက သတင်းဖော်ပြပါတယ်။ 

 

 

Related News