တင်းမာမှုတွေရှိခဲ့တဲ့ အမေရိကန်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တို့တွေ့ဆုံမယ့် နေ့နဲ့ နေရာကို အမေရိကန်သမ်္မတက မေလ(၁၀)ရက်မှာ ကြောညာခဲ့ပါတယ်။ဇွန်လ(၁၂)ရက်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စင်္ကာပူနိုင်ငံမှာတွေ့ဆုံ မယ်လို့သမ္မတထရမ့်က ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အချိန်ကောင်းတစ်ခုရနိုင်ရေးပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတ ထရန့်ကတွစ်တာမှာ ရေးခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လမှာ ခေါင်းဆောင်ကင်နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို သမ္မတထ ရမ့်ကလက်ခံခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကပြန်လွှတ်ပေးလိုက်တဲ့ ထိန်းသိမ်းခံ အမေရိကန်နိုင်ငံသား(၃)ဦးကို သမ္မတထရမ့်က ကြိုဆိုခဲ့ပြီးနောက် အခုလိုကြေညာခဲ့တာပါ။
 
ထိပ်သီးညီလာခံနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကြိုတင်ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ခ် ပွန်ပီအိုက မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိချိန်မှာ ထိန်းသိမ်းခံ(၃)ဦးကို လွှတ်ပေးလိုက်တာပါ။ ထိပ်သီးညီလာခံမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ်နဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးကြမယ်လို့ သတင်းတွေထွက်ပေါ် နေပါတယ်။ မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့မှုတွေတိုးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်မှာ အမေရိကန်နဲ့မြောက် ကိုရီးယားနိုင်ငံတို့ကြား အပြန်အလှန်ခြိမ်းခြောက် ခဲ့တာကြောင့် သမ္မတထရမ့်က ဖိတ်ကြားချက်ကိုလက်ခံခဲ့တာဟာ မကြုံစဖူးဖြစ် ရပ်ဖြစ်ပါတယ်။ အမေရိကန်သမ္မတ(၁)ဦးကမှ မြောက်ကိုရီးယားခေါင်းဆောင်တွေကို မတွေ့ဆုံခဲ့ပါဘူး။ 
 
 

Related News