မြောက်ကိုရီးယားအစိုးရကိုဆန့်ကျင်ခဲ့တာကြောင့် ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာတဲ့ အမေရိကန်နိုင်ငံသား(၃)ဦးက အမေရိကန်သမ်္မတဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်တယ်ဆိုပြီး ပြောပါတယ်။ မေလ(၉)ရက်မှာ မြောက်ကိုရီးယားနိုင်ငံက လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီအိုတို့ကိုကျေးဇူးတင်တယ်လို့ ထိန်းသိမ်းခံ အမေရိကန်နိုင်ငံသား(၃)ဦးကပြောခဲ့ပါတယ်။
 
မေလ(၁၀)ရက်မှာ အမေရိ ကန်နိုင်ငံမြို့တော် ၀ါရှင်တန်နားက အန်ဒရူးစ်လေတပ်အခြေစိုက်စခန်းကိုရောက်ရှိမယ့် အဲဒီ(၃)ဦးကို သမ်္မတထရမ့်က ကြိုဆိုမှာပါ။ လာမယ့်ဇွန်လနောက်ဆုံးထားပြီးကျင်းပဖို့ရှိနေတဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးညီလာခံမတိုင်ခင်မှာ ထိန်းသိမ်းခံ ထားရသူတွေကိုလွှတ်ပေးလိုက်တာဟာ အပြုသဘောဆောင်တဲ့ လက်္ခဏာဖြစ်တယ်လို့ အမေရိကန်အိမ်ဖြူတော်ကသတင်းထုတ် ပြန်ပါတယ်။
 
ထိပ်သီးညီလာခံနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ကြိုတင်ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးမိုက်ခ် ပွန်ပီအိုက မြောက်ကိုရီးယားနိုင်ငံကိုရောက်ရှိနေချိန်မှာ ထိန်းသိမ်းခံထားရတဲ့ ကင်မ် ဟတ်ဆောင်း၊ တိုနီ ကင်မ်နဲ့ ကင်မ် ဒေါင်ချူးတို့ကို လွှတ်ပေးလိုက်တာပါ။ သူတို့(၃)ဦးဟာ မြောက်ကိုရီးယား နိုင်ငံကိုဆန့်ကျင်တဲ့လုပ်ရပ်တွေလုပ်ခဲ့တာကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျ ခံခဲ့ရပါတယ်။
 
အဲဒီ(၃)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကိုလက်ခံခဲ့ပြီး ထိပ်သီးညီလာခံဟာ ကိုရီးယားကျွန်းဆွယ်ကအခြေအနေတွေ တိုးတက်စေရေးအတွက် ပထမခြေလှမ်းဖြစ်တယ်လို့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်မ်ဂျုံအန်ကပြောတယ်ဆိုပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနကသတင်းဖော်ပြပါတယ်။ ထိပ်သီးညီလာခံကျင်းပမယ့်နေရာကို (၃)ရက်အတွင်းထုတ်ပြောသွားမယ်လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။
 
 

Related News