ဆီးရီးယားက ဓာတုလက်နက်အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့တိုက်ခိုက်မှုတွေကို စစ်ရေးအရ တုံ့ပြန်မှုတွေမလုပ်ဖို့ ကုလသမဂ်္ဂဆိုင်ရာရုရှားသံအမတ်က အမေရိကန်ကို သတိပေးခဲ့ပါတယ်။ 
ပြီးခဲတဲ့စနေနေ့မှာဖြစ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်တွေအသုံးပြုခဲ့တယ်လို့ ယူဆရတဲ့တိုက်ခိုက်မှုကို စစ်ရေးအရတုံ့ပြန် မှုတွေမလုပ်ဖို့ အမေရိကန်ကို ရုရှားကတိုက်တွန်းခဲ့ပါတယ်။ လက်ရှိအမေရိကန်ဘက်က လုပ်ဆောင်နေတဲ့အစီအစဉ်ကို ဆက်မ လုပ်ဖို့ မေတ္တာရပ်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ဗက်ဆီးလိုင် နီဘန်ဇီယာက ဧပြီလ(၁၀)ရက်မှာပြောပါတယ်။ အမေရိကန်ဘက်ကလုပ်ဆောင်မယ့် တရားမ၀င်ကျူးကျော်မှုတွေကို အမေရိကန်ဘက်ကပဲ တာဝန်ခံရမယ်လို့ နီဘန်ဇီယာက သတိပေးခဲ့ပါတယ်။

ဆီးရီးယားကဓာတုလက်နက်သုံးခဲ့တယ်လို့ယူဆရတဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်သွား ဖို့အဆိုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပယ်ချခံခဲ့ရပြီးနောက် ရုရှားဘက်က အခုလိုသတိပေးခဲ့တာပါ။ အမေရိကန်ကတင် သွင်းတဲ့အဲဒီအဆိုကို ရုရှားဘက်က ဗီတိုအာဏာသုံးပယ်ချခဲ့ပြီး တရုတ်နိုင်ငံကတော့ကြားနေမဲပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ အဆိုကို တုံ့ပြန်တင်သွင်းခဲ့တဲ့ရုရှားရဲ့အဆိုကိုလည်း ကောင်စီကပယ်ချခဲ့ကြပါတယ်။ ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေကတော့ ဓာတုလက်နက်တွေအသုံးမပြုခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ဆီးရီးယားနိုင်ငံ၊ ဒိုမာမြို့က တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့တာဝန်ရှိသူတွေကို ပစ်မှတ်ထားရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်ဆိုပြီး ကမ္ဘာ့အ နောက်ခြမ်းနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ ဆီးရီးယားအစိုးရရဲ့ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့နေရာတွေကို ပစ်မှတ်ထားသွားမယ်လို့ ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်ကပြောပါတယ်။ 

 

 

 

Related News