ဧပြီလ(၉)ရက်က ထိုင်းနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ 
ဧပြီလ(၉)ရက်ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်းကနရာသီဝတ်ခရိုင်၊ ဆန်ဂိုင်းကိုလွတ်ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေနဲ့ ပတ်သက်တဲ့အထောက်အထားတွေကို ထိုင်းလုံခြုံရေးအာဏာပိုင်တွေက စုစည်းနိုင်ခဲ့တယ်လို့ ထိုင်းအစိုးရပိုင်MCOTသတင်းဌာနက သတင်းဖော်ပြပါတယ်။ အဲဒီပေါက်ကွဲမှု(၂)ခုကြောင့် လူ(၁၃)ဦး ဒဏ်ရာရခဲ့ပါတယ်။

ချိန်ကိုက်ဗုံးတွေရဲ့အစိတ်အပိုင်တွေထဲက (၁)ခုဟာ (၁)ကီလိုဂရမ်လောက်လေးတယ်လို့သိရပါတယ်။ ပထမ(၁)ခုကို မြို့စည်ပင်ရုံးနားမှာရှိတဲ့ ကာရာအိုကေဆိုင်(၁)ဆိုင်မှာ တွေ့ခဲ့ပြီး နောက်(၁)ခုကတော့ ပြီးခဲ့တဲ့နှစ်က ပတ်တာနီခရိုင်မှာ ပျောက်ဆုံးနေတယ်လို့ တိုင်ချက်ဖွင့်ထားပြီး ပထမနေရာနဲ့ မီတာ(၅၀၀) လောက်အကွာမှာ ပြန်တွေ့ခဲ့တဲ့ ဟွန်ဒါဝေ့ဗ်ဆိုင်ကယ်ထဲမှာ ၀ှက်ထားတာပါ။ ပြီးခဲ့တဲ့နှစ်က နရာသီဝတ်ခရိုင်၊ တက်ဘိုင်မြို့မှာ ခိုးခံထားရတယ်လို့တိုင်ချက်ဖွင့်ထားတဲ့ ဆိုင်ကယ်(၁)စီးထဲမှာ နောက်ထပ် ချိန်ကိုက်ဗုံး(၁)လုံးကို ထပ်တွေ့ခဲ့ရပြီး ဆန်ဂိုင်းကိုလွတ်မြို့၊ စာတိုက်ရုံးနားမှာတွေ့ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ်ပေါ်တင်လာတဲ့ မီးဖိုချောင်သုံးဓာတ်ငွေ့ဘူး ထဲမှာ (၈၀)ကီလိုဂရမ်လောက်လေးတဲ့ ချိန်ကိုက်ဗုံးကိုတင်လာခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြု ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ် ပွားခဲ့တဲ့နေရာ (၁)ခုချင်းစီမှာ လူ(၂)ဦးက ချိန်ကိုက်ဗုံးတွေလိုက်ထား ခဲ့တာကို လုံခြုံရေးကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ပြီး ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ စုံစမ်းနေပြီလို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

 

 

Related News