လေယာဉ်ကွင်းသစ်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့နေရာမှာ ကျူးကျော်နေထိုင်သူတွေကို ပြင်သစ်ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့စဉ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ဧပြီလ(၉)ရက်က ပြင်သစ်နိုင်ငံအနောက်ပိုင်းက လေယာဉ်ကွင်းသစ်ဆောက်ဖို့စီစဉ်ထားတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ မင်းမဲ့ဝါဒီတွေကို မျက်ရည်ယိုဗုံးတွေ၊ ဓာတ်ငွေ့ဗုံးတွေနဲ့ ကျောက်တုံးတွေသုံးပြီး ပြင်သစ်ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ပါတယ်။

ယူရိုငွေ သန်း(၅၈၀)အကုန်အကျခံပြီးတည်ဆောက်မယ်လို့ ပြင်သစ်အစိုးရကစီစဉ်ထားပြီး ဇန်န၀ါရီလမှာရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့တဲ့ နော့ထရေးဒမ်ဒီလန်ဒေးခရိုင်မှာရှိတဲ့ အဲဒီနေရာမှာ လေယာဉ်ကွင်းဆောက်လုပ်ရေးကိုဆန့်ကျင်သူတွေက နှစ်ချီကျူးကျော်နေထိုင်ခဲ့ ကြတာပါ။ ဧပြီလ(၉)ရက်မှာစတင်ခဲ့တဲ့ ရွှေ့ပြောင်းမှုတွေကို ပြင်သစ်ရဲတပ်ဖွဲ့ဝင်(၂၅၀၀)လောက်က ဦးဆောင်ခဲ့ပြီး ပတ်ဝန်းကျင်ကလမ်းတွေကို အစောပိုင်းမှာကတည်းက ပိတ်ထားပေမဲ့ ကျူးကျော်နေထိုင်သူတွေက အတားအဆီးတွေကို မီးရှို့ခဲ့ကြတယ်လို့ ရိုက်တာသတင်းအေဂျင်စီက သတင်းဖော်ပြပါတယ်။

ထိပ်တိုက်တွေ့မှုတွေကြောင့် ရဲအရာရှိ(၁)ဦးမျက်စိထိခိုက်ခဲ့ပြီး ကျူးကျော် နေထိုင်သူ(၁)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ကပြောပါတယ်။ လေဆိပ်စီမံကိန်းကို ရပ်ထားဖို့ဆုံးဖြတ်ခဲ့ပြီး နောက် ကျူးကျော်နေထိုင်သူတွေကိုရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားတယ်လို့ ပြင်သစ်အာဏာပိုင်တွေကပြောပါတယ်။ ဥပဒေမဲ့ဒေ သ(၁)ခုကို ရှင်းလင်းလိုတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။  

 

 

Related News