ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်က မဲရင်ရဲစခန်းမှာ လောင်းကစားသမားတွေကို ဖမ်းဆီးနိုင်ရေးနဲ့ တောမီးလောင်မှုတွေကို ထိန်းချုပ်ရာမှာ အကူအညီဖြစ်ဖို့ မောင်းသူမဲ့လေယာဉ် (၁)စီးကို စတင်အသုံးပြုပြီလို့သိရပါတယ်။ လောင်းကစားဝိုင်းတွေရှိတဲ့ နေရာတွေကို ထောက်လှမ်းဖို့နဲ့ ထွက်ပြေးသွားတဲ့လောင်းကစားသမားတွေကိုခြေရာခံဖို့ အဲဒီမောင်းသူမဲ့လေယာဉ်ကို မဲရင်ရဲစခန်းက လက်ထောက်စုံစမ်းရေးမှူးချုပ်ဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့၊ ဒုဗိုလ်မှူးကြီး မန်နာချိုင်း အင်သူအန်က အသုံးပြုခဲ့ပါတယ်။ တောမီးလောင်တဲ့နေရာတွေကို ဖော်ထုတ်နိုင်ရေးအတွက် ဒေသတွင်းမှာရှိတဲ့ သစ်တောတွေနဲ့ဆိုင်တဲ့အချက်အလက်တွေ ကောက်ယူဖို့နဲ့ သစ်ခိုး ထုတ်တာတွေကို ထောက်လှမ်းဖို့ အသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။

ထိုင်းသင်္ကြန်ပွဲတော်ကာလမှာ ယာဉ်ကြောရှင်းရေးမှာ ကူညီဖို့လည်း အဲဒီလေယာဉ်ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ အမြင့်မီတာ(၅၀၀)အထိ ပျံသန်းနိုင်ပြီး (၇)ကီ လိုမီတာအကွာအဝေးထိ ပျံသန်းနေပါတယ်။ အမြင့်မပျံနိုင်အောင်နဲ့ ပစ်ချမခံရရေးအတွက် လေပိုင်နက်လုံခြုံရေးဇုန်တွေကို မ၀င်နိုင်ဖို့ အဲဒီမောင်းသူမဲ့လေယာဉ်ကို ဖန်တီးထားတယ်လို့ သိရပါတယ်။

 

 

Related News