ရုရှားစပိုင်ဟောင်းနဲ့သမီးဖြစ်သူလုပ်ကြံခံရတာဟာ ဗြိတိန်ရဲ့လုပ်ကြံဇာတ်လမ်းဖြစ်ပြီး ဗြိတိန်ဟာ ရုရှားနိုင်ငံရဲ့ဂုဏ်ကျက်သရေညှိုးနွမ်း စေဖို့ဖန်တီးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လ(၅)ရက်က ဗြိတိန်နိုင်ငံ၊ ဆာလ်စ်ဘယ်ရီမြို့မှာ ရုရှားစပိုင်ဟောင်းနဲ့သမီးဖြစ်သူတို့ အာရုံကြောအဆိပ်နဲ့လုပ်ကြံခံခဲ့ရ တဲ့ဖြစ်ရပ်ဟာ ဗြိတိန်ဘက်ကဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်း(၁)ခု ဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့ပါတယ်။ ဗြိတိန်ရဲ့အဓိက ရည်ရွယ်ချက်က ရုရှားရဲ့ဂုဏ်ကျက်သရေ ညှိုးနွမ်းစေဖို့နဲ့ အချုပ်အခြာအာဏာကိုထိပါးစေဖို့ ဖြစ်တယ်လို့ ဧပြီလ(၅)ရက်က အမေ ရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ်္ဂလုံခြုံရေးကောင်စီအထူးအစည်းအဝေးမှာ ကုလသမဂ်္ဂဆိုင်ရာ ရုရှားသံအမတ်ဗက်ဆီးလိုင် နီဘန်ဇီယာကပြောခဲ့တာပါ။
 
တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ရုရှားရှိနေပေမဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားဘက် ကတာဝန်ယူမှုမရှိဘူးလို့ ကုလသမဂ်္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်း ကိုယ်စားလှယ် ကာရင် ပီးယာ့စ်က တုံ့ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ် သက်တဲ့ဗြိတိန်ရဲ့ လုပ်ဆောင်ချက် တွေက စိစစ်နေတာဖြစ်ပြီး ပူးပေါင်းစုံစမ်းမှုတွေပြုလုပ်လိုတယ်ဆိုတဲ့ ရုရှားရဲ့တောင်းဆိုချက် တွေက ကိုယ့်အရှုပ်ကို ကိုယ်ပြန်ရှင်းနေတာဖြစ်တယ်လို့ ပီးယာ့စ်ကပြောပါတယ်။ မတ်လ(၄)ရက်က လုပ်ကြံခံခဲ့ရတဲ့ ရုရှားစပိုင် ဟောင်းဆာဂေး စကရီပယ်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး သမီးဖြစ်သူယူလီယာ စကရီပယ်ကတော့ ပြန်သက်သာ လာပြီဖြစ်ပါတယ်။ စကရီပယ်မိသားစုရဲ့ အိမ်မှာမွေးထားတဲ့ ပူး(၂)ကောင်နဲ့ ကြောင်(၁)ကောင်လည်း သေဆုံးခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ကမ္ဘာ့နိုင်ငံတွေက ရုရှားသံတမန်(၁၅၀)ကျော်လောက်ကို နှင်ထုတ်ခဲ့တဲ့အတွက် ရုရှားသံတမန်တွေ အိမ်ပြန်ခဲ့ရပါတယ်။
 
 
 

Related News