ဒီနေ့မွန်းလွဲပိုင်းမှာ သူကျူးလွန်ခဲ့တဲ့အကျင့်ပျက်ခြစားမှုအတွက် ကိုယ်တိုင်ဝန်ခံပြီး ထောင်ဒဏ်(၁၂)နှစ် စတင်ကျခံဖို့ ဧပြီလ(၅)ရက် မှာ ဘရာဇီးတရားရုံးက ဘရားဇီသမ်္မတဟောင်း လူးဝစ်ဇ် အင်နာ့စီယို လူလာ ဒါဆေးလ်ဗား ကို အမိန့်ချခဲ့ပါတယ်။

ဧပြီလ (၅)ရက်အစောပိုင်းက လျှောက်တင်ခဲ့တဲ့ လူလာရဲ့အယူခံကို ဘရာဇီးတရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ သူ့ကိုစွပ်စွဲမှုတွေမှာ နိုင်ငံရေးလှည့်ကွက်တွေပါနေပြီး လာမယ့်အောက်တိုဘာလမှာ သမ္မတအဖြစ်ရွေးကောက်ပွဲ ပြန်ဝင်မှာကို တားမြစ်လိုတာလို့ သမ္မတဟောင်းလူလာက အခိုင်အမာပြောခဲ့ပါတယ်။

သမ္မတဘယ်သူ ဖြစ်လာနိုင်သလဲဆိုတာကို လူထုဆန်္ဒကောက်ခံခဲ့ရာမှာ လူလာက ရေပန်းစား နေပါတယ်။ ဒေသစံတော်ချိန် ဒီနေ့နေ့လည်(၂)နာရီမတိုင်ခင်မှာ ဘရာဇီးနိုင်ငံတောင်ပိုင်း ကခရူးတီဗာမြို့က ဘရာဇီးဗဟိုရဲဌာနချုပ်မှာအဖမ်းခံဖို့ လူလာ့ကို အမိန့်ပေးခဲ့တယ်ဆိုပြီး ဘရာဇီးပြည်ထောင်စုတရားသူကြီး ဆာဂျီယို မိုရိုကပြောပါတယ်။

ဧပြီလ(၅)ရက်မှာ အမိန့်ချခဲ့ပြီးနောက် လူလာ့ကိုထောက်ခံသူတွေက ဘရာဇီးနိုင်ငံမြို့တော် ဆော်ပိုလိုမှာရှိတဲ့ သတ်္တုလုပ်သားများသမဂ်္ဂနားမှာ ဆန်္ဒပြခဲ့ကြပါတယ်။ လူလာဟာ (၂၀၀၃)ခုနှစ်ကနေ (၂၀၁၁)ခုနှစ်အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သမ္မတအဖြစ်ပြန် ရွေးကောက်ခံရဖို့ ရေပန်းစားနေပေမဲ့ လူလာဟာ ပြည်သူတွေကြား သွေးကွဲစေနိုင်တယ် လို့ ယူဆနေကြတာတွေလည်းရှိနေပါတယ်။

 

 

Related News