မတ်လ(၄)ရက်ညပိုင်းမှာ ရုရှားစပိုင်ဟောင်းဖြစ်တဲ့ဆာဂေး စကရီပယ်နဲ့ သမီးဖြစ်သူယူလီယာ စကရီပယ်တို့ဟာ ရုရှားနိုင်ငံကဖန် တီးထားတဲ့နိုဗီချုပ်ခ်ဆိုတဲ့ဓာတုအာရုံကြောအဆိပ်ကို အသုံးပြုလုပ်ကြံခံခဲ့ရတာကြောင့် ဒီဖြစ်ရပ်နောက်ကွယ်မှာရုရှားနိုင်ငံရှိနေ နိုင်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်““ထရီစာမေ””က ဗြိတိန်လွှတ်တော်မှာပြောခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးဖြေရှင်းချက်တစုံတရာပေးဖို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး““ဘိုးရစ် ဂျွန်ဆင်””က ပြောခဲ့ပါတယ်။ မတ်လ(၁၃)ရက်အကုန်အထိ ရုရှားဘက်က ယုံကြည်ရတဲ့ အထောက်အထားမပြနိုင်ဘူးဆိုရင် ရုရှားဟာတရားမ၀င်အင်အားသုံးခဲ့တယ်လို့ ဗြိတိန်ဘက်က သတ်မှတ်မယ်ဆိုပြီး““မေ””ကပြောပါတယ်။ နိုဗီချုပ်ခ်ကိုစမ်းသပ်ခဲ့တဲ့အစီအစဉ်တွေ အားလုံးကို ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ကို ရှင်းပြဖို့ ရုရှားဘက်ကိုပြောခဲ့တယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်မေဟာ သက်သေအထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုခဲ့တယ်လို့ ရုရှားဘက်က တုံ့ပြန်ပါတယ်။ ရုရှားပါဝင်ပတ်သက်မှုရှိမရှိမေးခဲ့ရာမှာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောခဲ့တယ်ဆိုပြီး BBC သတင်းဌာနကသတင်းဖော်ပြပါတယ်။ စကရီပယ်ဟာ ရုရှားလုံခြုံရေးဆိုင်ရာလျှို့ဝှက်ချက်တွေကို ဗြိတိန်အထူးစုံစမ်းရေးအဖွဲ့(M.I 6)ကို ပေးခဲ့တာကြောင့် ရုရှားဘက်က(၂၀၀၄)ခုနှစ်မှာဆုံးဖြတ်ခဲ့ပြီး ထောင်ချထားခဲ့ပေမယ့်(၂၀၁၀)ခုနှစ်မှာ စပိုင်လဲလှယ်ရေးအစီအစဉ်နဲ့ ဗြိတိန်ကိုရောက်ရှိပြီး ခိုလှုံခွင့်ရထားသူဖြစ်ပါတယ်။ စကရီပယ်သားအဖ ညနေစာစားခဲ့တဲ့စားသောက်ဆိုင်မှာစားခဲ့သူတွေအနေနဲ့ သူတို့ပိုင်ပစ္စည်းတွေကို သေချာဆေးကြောကြဖို့ ဗြိတိန်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ 

 

 

Related News