အမေရိကန်ကို တင်သွင်းတဲ့သံထည်တွေကိုအခွန်တိုးကောက်မှုကနေ ဂျပန်နိုင်ငံကို ဖယ်ထုတ်ပေးဖို့ ဂျပန်စီးပွားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့သံမဏိနဲ့ဒန်တွေကိုအခွန်တိုးကောက်မှုကနေ ဂျပန်နိုင်ငံကိုဖယ်ထုတ်ပေးဖို့ ဂျပန်စီးပွားရေး၊ ကူး သန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဟီရိုရှီဂဲ ဆီကိုက အမေရိကန်ဘက်ကို တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဆိုင် ရာကိုယ်စားလှယ်နဲ့တရားသူကြီးချုပ်ရောဘတ် လိုက်ဟိုင်ဇာနဲ့ ဥရောပသမဂ္ဂ(E.U)ရုံးချုပ်ရှိရာ ဘရပ်ဆဲလ်မြို့မှာ မတ်လ(၁၀) ရက်ကတွေ့ဆုံစဉ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အခွန်တိုးကောက်မှုက ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကိုထိခိုက်စေနိုင်တဲ့အတွက် ဆုံး ဖြတ်ချက်ပြင်သင့်တယ်ဆိုပြီး လိုက်ဟိုင်ဇာကိုပြောခဲ့တယ်လို့ ဆွေးနွေးမှုတွေအပြီးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဆီကိုက ပြောပါတယ်။ အမေရိကန်ရဲ့မိတ်ဖက်ဂျပန်နိုင်ငံမှာထုတ်လုပ်တဲ့သံမဏိနဲ့ဒန်တွေက အမေရိကန်အမျိုးသားလုံခြုံရေးကို ဆိုးကျိုးသက်ရောက်မှု တွေရှိနိုင်မဟုတ်ပါဘူး။ အဲဒီပစ္စည်းတွေက အမေရိကန်စက်ရုံတွေနဲ့အမေရိကန်နိုင်ငံသားတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ အတွက် ကုန်ကြမ်းတွေဖြစ်တာကြောင့် သံထည်ပစ္စည်းတွေကို အခွန်တိုးကောက်တာကနေ ဂျပန်နိုင်ငံကိုဖယ်ထုတ်ပေးဖို့ လိုက် ဟိုက်ဇာကိုတောင်းဆိုခဲ့ပါတယ်။ဂျပန်ဘက်ကတောင်းဆိုမှုကို လိုက်ဟိုင်ဇာကတိတိကျကျအကြောင်းမပြန်ခဲ့ဘူးလို့သိရပါတယ်။

ဘရပ်ဆဲလ်မှာပဲ အီးယူကုန် သွယ်ရေးကော်မရှင်နာဆီစီလီယာ မဲလ်မ်စတုန်းမ်နဲ့တွေ့ဆုံခဲ့စဉ်မှာ အမေရိကန်ကတင်ပို့တဲ့ကုန်ပစ်္စည်းတွေကို တုံ့ပြန်အခွန်တိုး ကောက်မှုတွေပြုလုပ်မယ်ဆိုရင်သတိကြီးကြီးထားဖို့နဲ့ အခွန်တိုးကောက်တာကြောင့် ဘယ်နိုင်ငံမှအကျိုးမရှိနိုင်ဘူးလို့ အီးယူဘက်ကိုတိုက်တွန်းခဲ့တယ်လို့ ဆီကိုကပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(W.T.O)ရဲ့မူဘောင်တွေကိုအခြေခံတဲ့ အဖြေ(၁) ခုကိုရှာဖွေနိုင်ဖို့ အီးယူဘက်ကို ဆီကိုကတိုက်တွန်းခဲ့ပါတယ်။ မတ်လ(၈)ရက်မှာ အမေရိကန်ကိုတင်သွင်းတဲ့သံမဏိကို (၂၅)ရာ ခိုင်နှုန်းနဲ့ ဒန်ကို(၁၀)ရာခိုင်နှုန်းအခွန်တိုးကောက်သွားဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။
   

 

 

Related News