မြောက်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ လာမယ့်မေလမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သဘောတူညီခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်လိုက်တာကိုထောက်ခံတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ““အန်ထော်ညော် ဂူတားစ်””ကပြောတယ်ဆိုပြီး ကုလသမဂ်္ဂပြောခွင့်ရသူ““စတီဖန် ဒျူရှားရစ်””က မတ်လ(၉)ရက်မှာ ပြောလိုက်ပါတယ်။

ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို ပိုအဆင်ပြေစေဖို့ ကုလသမဂ်္ဂဘက်က တတ်နိုင်သမျှ ကူညီပေးဖို့ရှိနေပြီး ကိုရီးယားကျွန်းဆွယ်အရေးမှာ သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲမှာ ပါဝင်နိုင်ရေးသဘောတူညီမှု ရဖို့လည်း သတိပေးခဲ့တယ်လို့ ““ဒျူရှားရစ်””က ပြောပါတယ်။

သက်ဆိုင်တဲ့နိုင်ငံတွေရဲ့ ဦးဆောင်မှုနဲ့ အမြင်တွေကို ဂူတားစ်ကယုံကြည်လက်ခံထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အတိုင်း ကိုရီးယားကျွန်းဆွယ်နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေ အားလုံးကို ထောက်ခံတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလမှာ ကုလသမဂ်္ဂနိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်ဂျက်ဖရီ ဖဲ့လ်တ်မန်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တာ ဟာလည်း အခုဖြစ်စဉ်ရဲ့အခြေခံဖြစ်တယ်လို့ ယူဆတယ်ဆိုပြီး ““ဒျူရှားရစ်””က ပြောပါတယ်။ 

လာမယ့်မေလမှာပြုလုပ်မယ့် မြောက်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ရဲ့ ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ပြင်ဆင်မှုတွေပြုလုပ်နေပြီး အချိန်နဲ့နေ့ရက်အသေးစိတ်ကို ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တွစ်တာမှာရေးထားပါတယ်။  

 

 

Related News