ထိုင်းနိုင်ငံမြောက်ပိုင်းကချင်းမိုင်ခရိုင်မှာ တရားမ၀င်ပစ္စည်းတွေပါဝင်နေပြီး ထိုင်းဘတ်ငွေ (၁၀)သန်းလောက်တန်ဖိုးရှိတဲ့ အဆီကျဆေးတွေကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းမိခဲ့ပါတယ်။ ထိုင်းအထူး စုံစမ်းရေးဌာနဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးရုံးအရာရှိတွေက လူသေစေနိုင် တဲ့ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေပါဝင်နေတဲ့ အဆီကျဆေးတွေသယ်လာသူ(၂)ဦးကို  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား လူငယ်တွေကိုရောင်းချဖို့ရည်ရွယ်ပြီး ဖြည့်စွက်စာတွေအနေနဲ့ တင်သွင်းလာတဲ့ မူးယစ်ဆေးဝါးပါဝင်တဲ့အဆီကျဆေးလုံး(၁)သန်းခွဲကျော်ကို ဖမ်းမိခဲ့ပြီး ချင်းမိုင်ခရိုင်မှာရှိတဲ့ နေရာ(၃)ခုမှာ အဲဒီဆေးတွေကို ထုတ်လုပ်ရောင်းချနေတာဖြစ်တယ်လို့ အာဏာပိုင် တွေကပြောပါတယ်။

အစာစားချင်စိတ်ကင်းမဲ့စေတဲ့ ဆီဘျူတရာမင်းပါဝင်တာကြောင့် အဲဒီဆေးတွေဟာ နှလုံး၊ အာရုံကြောနဲ့ အူလမ်းကြောင်းစနစ်တွေကိုထိခိုက်စေနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ထိုင်းအစားအစာနှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ လိုင်စင်အတုသုံးပြီး အာအီကိုအမည်ရှိတဲ့အမှတ်တံဆိပ်နဲ့ အဲဒီဆေးတွေကိုဖြန့်ချိနေတာဖြစ်တယ်လို့ ထိုင်းအထူး စုံစမ်းရေးဌာနဒုတိယအကြီးအကဲ ဒုတိယဗိုလ်မှူးကြီး ခွန်ဝက် ပါန်ပရာဖာခွန်းက ပြောပါတယ်။ ဖြည့်စွက်စာတွေအနေနဲ့ တရားမ၀င်အဆီကျဆေးတွေရောင်းချမှုနဲ့ ဖမ်းဆီးရမိသူ(၂)ဦးကို တရားစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News