မြောက်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ လာမယ့်မေလမှာတွေ့ဆုံမှာဖြစ်ပြီး နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေရပ်ဆိုင်းဖို့ မြောက်ကိုရီးယားဘက်က ကတိပြုခဲ့တယ်လို့ အမေရိကန်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ကာလရှည်လူမှုကွန်ယက်ကနေတစ်ဆင့်စကားစစ်ထိုးခဲ့တဲ့ အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ဖိတ်ကြားခဲ့ပြီး သမ္မတထရမ့် ကလည်း အဲဒီဖိတ်ကြားချက်ကိုလက်ခံခဲ့ပါတယ်။
 
မတ်လ(၅)ရက်က မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင်ကင်မ်နဲ့တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုကနေ အမေရိကန်နဲ့မြောက်ကိုရီးယား ကြားဆွေးနွေးမှု ဖြစ်လာရေးကူညီနေတဲ့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က သမ်္မတထရမ့်လက်ခံခဲ့တယ်ဆိုတာကို အမေရိ ကန်နိုင်ငံမြို့တော်ဝါရှင်တန်မှာ ကြေညာခဲ့တာပါ။ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ရပ်ဆိုင်းဖို့နဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းဖို့လည်း ခေါင်းဆောင်ကင်မ်ကသဘောတူခဲ့တယ်လို့ သိရပါတယ်။
 
ဆွေးနွေးမှုပြုလုပ်မယ်ဆိုတာဟာ တိုးတက်မှုရှိလာတာပေမဲ့ တိကျတဲ့ သဘောတူညီမှုတွေမလုပ်မချင်း ပိတ်ဆို့မှုတွေဆက်လုပ်နေဦးမှာဖြစ်တယ်လို့ သမ်္မတထရမ့်ကပြောထားပြီး မြောက်ကိုရီးယားဘက်ကတော့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းမထုတ်ပြန်သေးပါဘူး။ လာမယ့်မေလကုန်လောက် မှာတွေ့ဆုံမှုပြုလုပ်မှာဖြစ်ပေမဲ့ ဘယ်နိုင်ငံမှာတွေ့ဆုံမှုပြုလုပ်မယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြောထားခြင်းမရှိသေးပါဘူး။ တွေ့ဆုံမှုဖြစ်လာတော့မယ့်ဆိုတဲ့ကြေညာချက်ကို ၀မ်းမြောက်ကြောင်းနဲ့ မြောက်ကိုရီးယားဘက်က သဘောထားပြောင်းလဲလာ တာဟာ ဂျပန်နဲ့အမေရိကန်တို့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်တယ် သမ်္မတထရမ့်နဲ့ဖုန်းပြောခဲ့တယ်ဆိုပြီး ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲကပြောပါတယ်။ 
 
ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ခဲ့ပြီးနောက် ကိုရီးယား(၂)နိုင်ငံထိပ်သီးညီ လာခံကျင်းပနိုင်ခဲ့ပြီး တောင်ကိုရီးယားက အမေရိကန်နဲ့မြောက်ကိုရီးယားတွေ့ဆုံနိုင်ရေး ကြားဝင်စေ့စပ်ခဲ့တာဖြစ်ပါတယ်။ 
 
 
 
 
 

Related News