အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ သံမဏိနဲ့ဒန်တွေအပေါ်အခွန်တိုးကောက်မယ့်ဥပဒေကို သမ္မတဒေါ်နယ်ထရမ့်ကမတ်လ(၈) ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီဥပဒေကင်းလွတ်ခွင့်ရမယ့်နိုင်ငံတချို့ရှိနေပြီး အဲဒီဥပဒေကို နိုင်ငံတွင်းကရော၊ နိုင်ငံတကာက ပါဝေဖန်နေကြချိန်မှာ သမ္မတထရမ့်ကအတည်ပြုခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ မမျှတတဲ့ ကုန်သွယ်မှုတွေကြောင့် ထိခိုက်မှုတွေရှိနေလို့ အခွန်တိုးကောက်မယ်ဆိုရင် အမေရိကန်အတွက် တိုးတက်မှုတွေရှိလာလိမ့်မယ်လို့ သမ္မတထရမ့်ကပြောပါတယ်။ အခွန်တိုး ကောက်မှု ဥပဒေက(၁၅)ရက်အတွင်း စတင်အသက်ဝင်မှာဖြစ်ပြီးတော့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံ တို့ဟာ အခွန်တိုးကောက်ခံရမှာ မဟုတ်ပါဘူး။

အမေရိကန်ကိုတင်သွင်း တဲ့သံမဏိတွေကို (၂၅)ရာခိုင်နှုန်းနဲ့ ဒန်ကိုတော့(၁၀)ရာခိုင်နှုန်း အခွန်တိုးကောက်သွားမှာဖြစ်ပါတယ်။ အခွန်တိုးကောက်မှုဟာ ပြင်းထန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတော်တော်များများ ကတုံ့ပြန်ခဲ့ပြီး ကုန်သွယ်ရေး စစ်ပွဲတွေဖြစ်လာ နိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီဥပဒေကဝေဖန်ကြသူ တွေထဲမှာ သမ္မတထရမ့်ရဲ့ ပါတီကရီပတ်ဘလစ်ကန်တွေနဲ့ အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက်တွေလည်း ပါဝင်နေပါတယ်။ အခွန်တိုးကောက်မှုကြောင့် အမေရိကန် အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်လိမ့်မယ်လို့ သမ္မတထရမ့်ကပြောပါတယ်။ 

 

 

 

Related News