အစ္စရေးလ်နိုင်ငံအနေဖြင့် ကျူးကျော်သည့်လုပ်ရပ်မှသည် မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ကြောင်းသိရသည်။ ဆီးရီးယားနိုင်ငံထဲမှ အီရန်နှင့် ဆီးရီးယားရှိပစ်မှတ် (၁) ဒါဇင်ထက်မနည်းအားအစ္စရေးဘက်ကတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အမေရိကန်ဘက်ကယခုကဲ့သို့ ထောက်ခံပြောကြားလိုက်ခြင်းဖြစ်သည်။

အမေရိကန်အတွက်တော့ အစ္စရေးနိုင်ငံသည် ဒေသတွင်းတွင် မိမိတို့ နှင့် အနီးကပ်ဆုံးသောလုံခြုံရေးဆိုင်ရာမဟာမိတ်ပင်ဖြစ်ကြောင်း၊ ၄င်း၏နယ်မြေနှင့် ပြည်သူလူထုအပေါ် ကျရောက်လာသည့် ခြိမ်းခြောက်မှုများအားခုခံကာကွယ်ရန်မှာအစ္စရေး၏ မွေးရာပါအခွင့်အရေးဟုမိမိတို့ဘက်ကအပြည့်အ၀ထောက် ခံကြောင်း၊ သို့သော် ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် မိမိတို့ဘက်က ပါဝင်ခဲ့ခြင်းမရှိကြောင်းအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူAdrian Rankine-Galloway ကဆိုသည်။

ဆီးရီးယားနိုင်ငံထဲမှ အီရန်ပံ့ပိုးပေးထားသည့် နေရာများအားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ပြန်လာသည့် အစ္စရေးစစ်လေယာဉ်တစ်စင်းအားပစ်ချလိုက်သောလေယာဉ်ပစ်လက်နက်များရှိရာနေရာများကိုအစ္စရေးဘက်ကတမြန်နေ့က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

 

Related News