တောင်အာဖရိကနိုင်ငံရဲ့သမ္မတဖြစ်သူ ဂျက်ကော့ဘ်ဇူးမားက ရာထူးကနေနှုတ်ထွက်ဖို့ ငြင်းဆိုလိုက်ပြီးနောက် အာဏာရ (ANC) ပါတီဟာ သမ္မတဇူးမားနှုတ်ထွက်ရေး တရားဝင်တောင်းဆို သွားမယ်လို့ သတင်းတွေမှာ 
ဖော်ပြနေပါတယ်။ ဖေဖော်ဝါရီလ(၁၃) ရက်အစောပိုင်းမှာ ပါတီအကြီးအကဲတွေက (၁၃)နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ပြီးနောက် ဇူးမားသမ္မတအဖြစ်ကနေ နှုတ်ထွက်ရဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး 
ဇူးမားကဆက်ငြင်းနေဦးမယ်ဆိုရင် တောင်အာဖရိကလွှတ်တော်မှာ မဲခွဲဆုံးဖြတ်သွားမှာဖြစ်တယ် လို့သိရပါတယ်။
 
အသက်(၇၅)နှစ်ရှိပြီဖြစ်တဲ့ဇူးမားအနေနဲ့ လွှတ်တော်မှာမဲခွဲဆုံးဖြတ်မယ်ဆိုရင် ရှုံးနိမ့်ဖွယ်ရှိနေပြီး အကျင့်ပျက်ခြ စားမှုတွေကျုးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ဇူးမားဟာ တောင်အာဖရိကမှာ(၂၀၀၉)ခုနှစ်ကတည်းက အုပ်ချုပ်ရေးတာဝန်ယူနေ တာဖြစ်ပါတယ်။ ANC ပါတီဘက်က အခုအစီအစဉ်ကို တရားဝင်ထုတ်ပြောထားခြင်းမရှိသေးပေမဲ့ ပါတီပြောခွင့်ရှိသူတွေက အစီအစဉ်တွေကိုပြောထားတာကြောင့် နိုင်ငံတွင်းမီဒီယာတွေက သတင်းတွေဖော်ပြနေကြတာဖြစ်ပါတယ်။ ဆီရေးရာမာဖော်ဆာကို ANC ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်တဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက ဇူးမားကို နှုတ်ထွက်ဖို့ဖိအားတွေပေးနေကြပေမဲ့ သူကတော့နှုတ်ထွက်ဖို့ကို ဆက်တိုက်ငြင်းဆိုနေပါတယ်။
 
 
 
 

Related News