တူနီရှားနိုင်ငံမှာ ရက်ဆက်ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ(၂၃၇)ဦးကို ထိန်းသိမ်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရဲစခန်းတွေနဲ့ အစိုးရအဆောက်အအုံတွေကိုတိုက်ခိုက်ခဲ့တာနဲ့ ခြိုးခြံရေးလုပ်ဆောင်နေတဲ့ အစိုးရကိုဆန့်ကျင်ဆန်္ဒပြတာတွေအတွင်း ဖျက်စီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ထိန်းသိမ်းထားတာဖြစ်တယ်လို့ တူနီးရှားပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဇန်န၀ါရီလ(၈)ရက်မှာ အစိုးရဆန့်ကျင်ဆန်္ဒပြတာတွေ စတင်ခဲ့ပြီး မြို့ပေါင်း(၂၀)မှာ ဆန်္ဒပြတာတွေ ဖြစ်နေတာပါ။ 
 
လိုငွေပြမှုတွေ လျော့ချဖို့နဲ့ နိုင်ငံခြားငွေချေးသူတွေအကြိုက်ဆောင်တဲ့ တူနီးရှားအစိုးရရဲ့အခွန်ကောက်ခံမှုပုံစံသစ်နဲ့ကုန်ဈေးနှုန်းတက်လာတွေကို ဆန့်ကျင်ဆန်္ဒပြကြတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
 
ဂျားဘားမြို့မှာတော့ ဆန်္ဒပြမှုတွေမရှိပေမဲ့ ရဲအင်အားလျော့ထားတာကို အခွင့်ကောင်းယူခဲ့ပြီး ဂျူးဘာသာရေးကျောင်းတစ်ကျောင်းမှာ လက်လုပ်မီး လောင်ဗုံးဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးလောင်ဗုံးကြောင့် အပျက်အစီးတွေရှိပေမဲ့ ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ဒေသရဲတပ်ဖွဲ့က ပြောပါတယ်။ ဂျားဘားမြို့ဟာ အာဖရိကတိုက်မှာ သက်တမ်းအရင့်ဆုံး ဂျူးသာသာရေးကျောင်းတွေ ရှိတဲ့နေရာဖြစ်ပါတယ်။  
 
 
 
 
 
 

Related News