အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မည့်အစီအစဉ်အားတောင်ကိုရီးယားနိုင်ငံ၊ Pyeongchangဒေသတွင် ကျင်းပရန်စီစဉ်ထားသောဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ပြီးဆုံးမည့်အချိန်အထိဆိုင်းငံ့ထားရန်အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များကဆုံးဖြတ်လိုက်ကြ ကြောင်းသိရှိရသည်။

ယမန်နေ့ကအမေရိကန်သမ္မတ Donald Trump နှင့် တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားကြစဉ် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်ဟုတောင်ကိုရီးယားသမ္မတအိမ် တော်မှ တာဝန်ရှိသူများကဆိုသည်။ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုများနှင့် အိုလံပစ်ပွဲတော်တို့မှတဆင့် မလိုလားအပ်သည့် ပဋိပက္ခများမဖြစ်ပွားစေရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များကယခုကဲ့သို့ သဘောတူဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

သို့မှ သာအိုလံပစ်ပွဲတော်လုံခြုံရေအတွက် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအနေဖြင့် အာရုံစူးစိုက်နိုင်မည်ဖြစ်သည်ဟုအမေရိကန်သမ္မတအိမ်တော်ဘက်ကထုတ်ပြန်ချက်၌ထည့်သွင်းဖော်ပြခဲ့သည်။ လာမည့်မတ်လ (၉) ရက်နေ့မှ (၁၈) ရက်နေ့အထိကျင်းပပြု လုပ်မည့် မသန်စွမ်းအိုလံပစ်ပွဲတော်ပြီးမှ စစ်ရေးလေ့ကျင့်မှုများ ပြန်လည်လုပ်ဆောင်မည်ဟုလည်းအမေရိကန်ကာကွယ် ရေးဝန်ကြီးJim Mattis က ပြောသည်။

Foal Eagle ဟုအမည်ပေးထားသောနှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုပုံမှန်အားဖြင့် ဖေဖော်ဝါရီနှင့် ဧပြီလအကြား ပြုလုပ်လေ့ရှိပြီးပြုလုပ်သမျှစစ်ရေးလေ့ကျင့်မှုများအနက်ကမ္ဘာ့အကြီးဆုံးအစီအစဉ်တစ်ရပ်ဖြစ်သည်။ တောင်ကိုရီးယားနှင့်တကွဒေသတွင်းအားအကောင်းဆုံးခုခံကာကွယ်နိုင်ရေးအတွက် အဆင် သင့်ရှိစေရန် နှစ်နိုင်ငံကြည်း၊ ရေ၊ လေတပ်ဖွဲ့များကပူးတွဲလေ့ကျင့်မှုများအား ပြုလုပ်ကြခြင်းဖြစ်ပြီးယင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်များအားမြောက်ကိုရီးယားဘက်ကအမြဲတစေကန့်ကွက်ပြောဆိုကြောင်းလည်းသိရသည်။ 

 

Related News