လာမယ့်ဖေဖော်ဝါရီလမှာကျင်းပမယ့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေတယ်လို့ မြောက်ကိုရီး ယားအိုလံပစ်အာဏာပိုင်(၁)ဦးကပြောတယ်ဆိုပြီး သတင်းတွေဖော်ပြနေပါတယ်။ နိုင်ငံတကာအိုလံပစ်ကော်မတီမြောက်ကိုရီးယားကိုယ်စားလှယ် ချန်အန်းက စနေနေ့မှာပြောခဲ့တာပါ။

မစ္စတာချန်ဟာ ဆွစ်ဇာလန်နိုင်ငံကိုသွားပြီး ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံပါဝင်ခွင့်ရရေးဆွေးနွေးဖွယ်ရှိနေတယ်လို့ ဂျပန်သတင်းဌာန ကျိုဒိုက သတင်းဖော်ပြပါတယ်။ မြောက်ကိုရီးယားအာဏာပိုင်တွေက တောင်ကိုရီးယားနိုင်ငံနဲ့ တရားဝင်ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ ပြောလိုက်ပြီးနောက် မစ္စတာချန်ကပြောခဲ့တာပါ။

ဇန်န၀ါရီလ(၉)ရက်မှာ တောင်နဲ့မြောက်ကိုရီးယား(၂)နိုင်ငံကြား အိုလံပစ်အရေးထိပ်သီးဆွေးနွေး မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲပြုလုပ်သွားဖို့ရှိနေတာကြောင့် သူ့ရဲ့တင်းမာတဲ့ ရပ်တည်ချက်က အလုပ်ဖြစ်ခဲ့တယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ အပြန်အလှန် စကားစစ်ထိုးနေကြတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတွေ အတွင်း အိုလံပစ်အရေးသာမက (၂)နိုင်ငံအရေးဆွေးနွေးစေချင်တယ်လို့ သမ္မတထရမ့်က တိုက်တွန်း ပြောခဲ့ပါတယ်။ 

 

 

Related News