အီရန်နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့အီရန်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ တန်ပြန်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာဆွေးနွေးဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တဲ့ အမေရိကန်နိုင်ငံကို ရုရှားဘက်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာဟာ ကုလသမဂ္ဂဖွဲ့စည်းပုံကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာရှရှားသံအမတ် ဗာစီးလီ နီဘန်ဇီယာကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်နစ်ကီ ဟေလီကတော့ ဆန္ဒပြမှုတွေဟာ အီရန်ပြည်သူတွေရဲ့ရဲရင့်မှုကိုဖော်ပြနေတာ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ အီရန်သံအမတ်ကတော့ အမေရိ ကန်နိုင်ငံဟာ ကုလသမဂ်္ဂလုံခြုံရေး ကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်အနေနဲ့ အလွဲသုံးစားလုပ်နေတယ်လို့ ပြောပါတယ်။ အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ အီရန်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်က နိုင်ငံတွင်းပုန်ကန်မှုလို့ သတ်မှတ်ထားတဲ့ ဆန်္ဒပြမှုတွေကို နှိမ်နှင်းနိုင် ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ရုရှားအပါအ၀င်နိုင်ငံ တော်တော်များများက အီရန်အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တဲ့အတွက် ဝေဖန်ပြောဆိုနေကြပါတယ်။ အီရန်အစိုးရဆန့် ကျင်ရေးဆန္ဒပြမှု တွေအတွင်း သေဆုံးသူလူ(၂)ဒါဇင် နီးပါးရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ပါတယ်။ 

 

 

Related News