တရုတ်နဲ့အမေရိကန်နိုင်ငံတို့ဟာ ဆိုက်ဘာလုံခြုံရေးနဲ့ တရားဥပဒေမိုးမိုးရေးဆိုင်ရာ ပထမအကြော့ ဆွေးနွေးပွဲကို အောက်တို ဘာလ(၆)ရက်တုန်းကကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး၊ အမေရိကန်ရှေ့နေချုပ်နဲ့ အမေရိကန် အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီးတို့တက်ရောက်ခဲ့ပြီး  အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး၊ မူယစ်ဆေးဝါးနှိမ်နင်းရေး၊ ဆိုက်ဘာလုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ်္စရပ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်ရရှိရေးကို ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖလော်ရီဒါမှာတွေ့ဆုံတုန်းကရရှိထားတဲ့ သဘောတူညီချက်အပေါ် ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေရရှိရေးအတွက်ပွင့်လင်းပြီး လက်တွေ့ကျတဲ့ချဉ်းကပ်မှု ပုံစံ ဆောင်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ ဆွေးနွေးပွဲတက်အရာရှိတွေက သဘောတူညီခဲ့ ကြပါတယ်။ လာမယ့်နိုဝင်ဘာလမှာ အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို နိုင်ငံတော် အဆင့် အလည်အပတ်သွားရောက်တဲ့အခါ ရလာဒ်ကောင်းတွေ ပိုထွက်လာရေး နှစ်နိုင်ငံလက်တွဲ လုပ်ဆောင်သွားဖို့ကိုလည်း ဆွေးနွေးပွဲတက် အရာရှိတွေက သဘောတူညီထားကြ ပါတယ်။

အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများနှိမ်နင်းရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတွေမှာ တရုတ်နိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ပူးပေါင်းဖို့ ဆန်္ဒရှိနေတယ်လို့ တရုတ်နိုင်ငံတော်ကောင်စီဝင်ဖြစ်သလို ပြည်သူ့လုံခြုံရေးဝန်ကြီးလည်း ဖြစ်တဲ့ ဂူရှမ်ကွမ်းက ပြောပါတယ်။ အမေရိကန်အရာရှိတွေကတော့ ဘုံခြိမ်းခြောက်မှုတွေဖြစ်တဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးတွေမှာ ပူးပေါင်းဆောက်ရွက်မှုအရေးပါတယ်လို့ ပြောထားပါတယ်။

 

 

Related News