တိုကျိုဓာတ်အားကုမ္ပဏီဟာ ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုမှာ ပျော်ကျနေတဲ့ နျူကလီးယားလောင်စာတွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်စေဖို့ ရေအောက်သုံးစက်ရုပ်ကို အသုံးပြုပြီး လေ့လာတော့မှာဖြစ်ပါတယ်။ ဒီစက်ရုပ်ကို ပထမဆုံး ဖော်ထုတ်ပြသတဲ့ပွဲကို တိုကျိုမြို့နားက ယိုခိုဆူဂါမြို့မှာ ကြာသပတေးနေ့တုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ အဝေးထိန်းကိရိယာရဲ့ထိန်းချုပ်မှုနဲ့ ရေအောက်မှာသွားလာမှာဖြစ်ပါတယ်။ (၃၀)စင်တီမီတာရှည်ပြီး (၁၃)စင်တီမီ တာကျယ်တဲ့ဒီစက်ရုပ်ဟာ တစ်စက္ကန့်ကို (၄)စင်တီမီတာပဲရွေ့နိုင်ပါတယ်။ စက်ရုပ်ရဲ့ထိပ်ပိုင်းနဲ့နောက်ပိုင်းမှာ ကင်မရာတစ်လုံးစီ တပ်ထားမှာဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဒီစက်ရုပ်ကို (၆)မီတာကျော်အနက်ရှိတဲ့ ရေတွေရှိနေတဲ့ နျူကလီးယားဓာတ်ရောင်ခြည် သင့်ကန်အတွင်းပိုင်းကို ရုပ်ပုံရိုက်ကူးဖို့ အသုံးပြုမှာပါ။ ၂၀၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ပျက်စီးမှုအတွင်း အမှတ်(၃)ဓာတ်ပေါင်းဖိုမှာရှိတဲ့ နျူကလီးယားလောင်စာတွေဟာ အရည်ပျော်ပြီး ဓာတ်ပေါင်းဖိုကို ဖုံးထားတဲ့ ဓာတ်ရောင်ခြည် သင့်ကန်အောက်ပိုင်းကို ကျသွားတယ်လို့ ကုမ္ပဏီက ယူဆနေတာဖြစ်ပါတယ်။ ဒီနျူကလီးယားလောင်စာကို ဖယ်ရှားတာဟာ ဖူကူရှီးမား ဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံကို ဖြိုဖျက်ရာမှာ အခက်ခဲဆုံး အပိုင်းဖြစ်နေတာပါ။

 

Related News