တူရကီသမ္မတ အာဒိုဝမ်ရဲ့ ၀ါရှင်တန်ခရီးစဉ်အတွင်း ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့တူရကီလုံခြုံရေးနဲ့ ရဲအရာရှိ (၁၂)ဦးကို အမေရိကန်အစိုးရရှေ့နေတွေက တရားစွဲဆိုလိုက်ပါတယ်။ သမ္မတ အာဒိုဝမ်ရဲ့ မေလ(၁၆)ရက်နေ့ ခရီးစဉ် အတွင်း တူရကီသံအမတ် အိမ်ရှေ့အပြင်ဘက်မှာ ပြုလုပ်တဲ့ဆန္ဒပြပုံတွေကို ရိုက်ထားတဲ့ဗီဒီယိုမှာ ဆန္ဒပြသူ(၉)ဦးဟာ ဒဏ်ရာရရှိတဲ့ ရုပ်ပုံတွေပါဝင်ပါတယ်။
 
တူရကီနိုင်ငံဘက်ကတော့ ဒီတရားစွဲဆိုမှုတွေကို ရှုတ်ချထားပြီး သမ္မတအာဒိုဝမ်နဲ့အတူ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့သူတွေကို ဒီဖြစ်စဉ်မှာ တရားစွဲဆိုပိုင်ခွင့်မရှိဘူးလို့ပြောပါတယ်။ တူရကီသံအမတ်အိမ်ရှေ့မှာ ဖြစ်ခဲ့တဲ့ရုန်းရင်း ဆန်ခတ် အခြေအနေဟာ ဒေသခံအာဏာပိုင်တွေက လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ မလုပ်ခဲ့တာကြောင့် ဖြစ်ခဲ့တာလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
 
လက်ရှိမှာ အဲ့ဒီ့တူရကီအရာရှိတွေဟာ သမ္မတအာဒိုဝမ်ခရီးစဉ်အတွင်း အချိန်တိုးပေးထားတဲ့ ဥပဒေအရကင်းလွတ်ခွင့်ကို ဖယ်ရှားခံထား ရပါတယ်။ ဆန္ဒပြသူတွေထဲက တစ်ချို့ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ အာမေးနီးယားအမျိုးသား ကော်မတီမှာပါဝင်နေသူတွေဖြစ်ပြီး သမ္မတအာဒိုဝမ်ဟာ နိုင်ငံရေး ဖိအားနဲ့ အုပ်ချုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။ အင်တာနက်အွန်လိုင်းမှာ တင်ထားခဲ့တဲ့ဗီဒီယိုတစ်ခုမှာတော့  ၀ါရှင်တန်ရဲတွေက ကြားဝင်ဖြန်ဖြေဖို့ကြိုးစားပေမဲ့ ဆန္ဒပြသူတွေကို ၀တ်စုံနက်ဝတ်ထားတဲ့အမျိုးသားတွေက ထိုးနှက် ကန်ကျောက်တာတွေ လုပ်နေတာကို ပြသနေပါတယ်။ 
 

Related News