အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့တော်က ဘေ့စ်ဘောကွင်းတစ်ခုမှာ လေ့ကျင့်နေကြတဲ့ ရီပတ်ပလင်ကန်လွှတ်တော်အမတ်တွေကို သေနတ်နဲ့ပစ်ခတ်မှုတစ်ခု ဇွန်လ ၁၄ ရက်တုန်းက ဖြစ်ပွားသွားပါတယ်။ ဒါပေမဲ့ ရီပတ်ပလင်ကန်အမတ်တွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့သူကို လုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်သတ်ခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ ရီပတ်ပလင်ကန်အမတ်တွေဟာ နှစ်စဉ်ပြုလုပ်နေကျ အကူအညီပေးရေး ရန်ပုံငွေရှာဖွေဖို့ရည်ရွယ်တဲ့ ချစ်ကြည်ရေးပွဲကစားဖို့ အဲ့ဒီဘေ့စ်ဘောကွင်းမှာ လေ့ကျင့်ရေးဆင်းနေကြတာဖြစ်ပါတယ်။ ရီပတ်ပလင်ကန်အမတ်တွေ ပစ်ခတ်ခံရမှုအတွင်း အမေရိကန်အောက်လွှတ်တော်က အမတ်အများစုရဲ့ ဦးဆောင်ဆော်သြရေးမှူး စတိဗ် စကာလိုက်စ် လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အမျိုးသားဟာ ၂၀၁၆ ခုနှစ်အမေရိကန် ရွေးကောက်ပွဲမဲဆွယ်ကာလမှာ လက်ရှိအမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို အင်တာနက် လူမှုကွန်ယက်ကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဘာနီး ဆန်းဒါးစ်ကို ထောက်ခံသူဖြစ် ပါတယ်။ သေနတ်သမားဟာ အီလီနွိုက်စ်ပြည်နယ်က ဂျိမ်းစ် ဟော့ကင်ဆန် ဆိုသူဖြစ်တယ် လို့သိရပါတယ်။ သေနတ်သမားဟာ ရိုင်ဖယ်သေနတ်နဲ့ လွှတ်တော်အမတ်တွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ အမတ်တွေအတွက် လုံခြုံရေးယူပေးနေတဲ့ရဲနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသားဟာ ထိန်းသိမ်းမခံရခင်မှာ အပစ်ခံရတဲ့ဒဏ်ရာတွေကြောင့် ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးခဲ့တယ်လို့သိရပါတယ်။

 

Related News