အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာအင်္ဂါနေ့ကလေးထပ်တိုက်ပြိုကျလို့ အနည်းဆုံးလူ(၂)ယောက်သေဆုံးပြီးနောက်ထပ်လူ(၃၀) ကျော်ကတော့ အပျက်အစီးတွေကြားမှာပိတ်မိခဲ့ပါတယ်။ ဘာကြောင့် ပြိုကျသလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ သ တင်းတွေမှာတော့ အဲဒီတိုက်ကသက်တမ်းနှစ်(၁၀၀)ကျော်နေပြီလို့ ဖော်ပြနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမုတ်သုံမိုးကြောင့် ရေကြီးတာကလည်း ပြိုကျတဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေတာလည်းရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဉ်အလားတူအဆောက်အအုံပြိုကျမှုတွေကြောင့် လူ(၂၀၀၀)လောက်သေဆုံးလေ့ရှိပြီးဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် စံသတ်မှတ် ချက်နိမ့်ကျတာနဲ့ အဆောက်အအုံတွေပျက်စီးနေတာတို့ကြောင့်ပြိုကျတာလို့ ဝေဖန်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခု နှစ်၊ သြဂုတ်ကလည်းမွန်ဘိုင်းမှာအဆောက်အအုံ(၃)လုံးပြိုကျခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်ကလည်းမွန်ဘိုင်းမှာဆောက်လက်စအဆောက်အအုံတစ်လုံးပြိုကျခဲ့လို့ လူ(၇၀)ကျော်သေဆုံးခဲ့ပါတယ်။

 

 

 

Related News