တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်က မူးယစ်ဆေးဝါးမှုနဲ့ဆက်စပ်နေလို့ ကနေဒါနိုင်ငံသားတစ်ယောက်ကို ထိန်းသိမ်းထား တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာအတည်ပြုပါတယ်။ ယန်တိုင်မြို့မှာ ကနေဒါနိုင်ငံသားတစ်ဦးကိုထိန်း သိမ်းခဲ့တယ်ဆိုတဲ့သတင်းဖော်ပြချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ မူးယစ်ဆေးဝါးနဲ့ဆက်စပ်လို့ ထိန်းသိမ်းထားတာဆိုပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကျန်းရွှမ်ကပြောတာပါ။ နိုင်ငံခြားကျောင်းသားတွေနဲ့ပါဝင်နေတဲ့မူးယစ်ဆေးဝါးမှုတစ်မှုကို ရှန်ဒေါင်းရဲတပ်ဖွဲ့က မကြာသေးခင်ကရှာတွေ့ခဲ့ပြီး ကျောင်းသားတွေထဲမှာ ကနေဒါနိုင်ငံသားတစ်ယောက်လည်း ပါဝင်နေတယ်လို့ ကျန်းကပြောပါတယ်။ အဲဒီကိစ္စကိုစုံစမ်းနေပြီး သက်ဆိုင်ရာသံရုံးတွေက ကောင်စစ်ဝန်တာဝန်ရှိသူတွေကို တရုတ်ရဲတပ်ဖွဲ့ကအ သိပေးထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျန်ဆုပြည်နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးသုံးတဲ့လူတွေကို ဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား (၁၆)ယောက်အပါအ၀င် လူ(၁၉)ယောက်ကိုဖမ်းဆီးခဲ့ပြီး ကနေဒါနိုင်ငံသားဖမ်းခံရတဲ့ဖြစ်ရပ်က ဂျန်ဆုပြည်နယ်က ဖြစ်ရပ်နဲ့မ သက်ဆိုင်ဘူးလို့လည်း ကျန်းကပြောပါတယ်။

 

 

Related News