တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဂျန်းရှီပြည်နယ်က ကောင်တီ(၂၄)ခုမှာ မိုးဆက်တိုက်ရွာပြီး ရေကြီးမှုတွေဖြစ်ခဲ့လို့ လူ(၄)သိန်းလောက် ထိခိုက်ခဲ့ပြီး အဲဒီထဲကလူ(၁)သောင်းကျော်ကိုတော့ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့အထိပြည်နယ်ထဲကတ ချို့နေရာတွေမှာ မိုးဆက်ကြီးနိုင်တဲ့အပြင် မုန်တိုင်းတွေဖြစ်နိုင်တယ်လို့ ဒေသမိုးလေ၀သဌာနရဲ့ခန့်မှန်းချက်အရသိရပါတယ်။ ဂျီ ယန်မြို့ထဲက ဇီရန်မြို့ကိုဆက်သွယ်ဆောက်လုပ်ထားတဲ့ တစ်ခုတည်းသောတံတားကလည်း ရေကြီးမှုကြောင့်ပျက်စီးခဲ့ပြီး ရွာ သွား(၃၆)ဦးပိတ်မိခဲ့ပါတယ်။ အခင်းဖြစ်ရာနေရာကို မီးသတ်သမားတွေလျင်လျင်မြန်မြန်သွားရောက်ခဲ့ပြီး ရေကြီးနေတဲ့မြစ်ကို ဖြတ်ဖို့ စိတ်ချရတဲ့ကြိုးတွေကိုအသုံးပြုကာ ဖြတ်သန်းလို့ရတဲ့လမ်းကြောင်းသစ်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ အရေးပေါ်ကယ် ဆယ်ရေးကို (၃)နာရီနီးပါးကြာလုပ်ဆောင်ခဲ့ပြီးနောက် ပိတ်မိခဲ့တဲ့ရွာသားတွေအပြင် ရွာသွား(၂၀၀)လောက်ကိုဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

 

Related News