အလှူရှင်နိုင်ငံတွေအနေနဲ့ သူ့တို့ရဲ့အထောက်အပံ့တွေကို ပြန်အသက်သွင်းဖို့ ပါလက်စတိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆိုင်ရာကုလသမဂ္ဂအေဂျင်စီ(UNRWA)က အင်္ဂါနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ (၂)ရက်ကြာဂျော်ဒန်နိုင်ငံမှာကျင်းပတဲ့ အေဂျင်စီရဲ့အကြံပေးကော်မရှင်အစည်းအဝေးအပြီးမှာ အေဂျင်စီမဟာမင်းကြီးပယ်ရီ ကရာဟန်ဘားလ်ကတိုက်တွန်းခဲ့တာပါ။ ပြီး ခဲ့တဲ့နှစ်မှာ အေဂျင်စီအတွက်ထောက်ပံ့ငွေကို အမေရိကန်ဒေါ်လာသန်း(၃၅၀)ကနေ သန်း(၆၀)ပဲပေးတော့မယ်လို့ အမေရိကန် နိုင်ငံက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် (၂၀၁၈)ခုနှစ်မှာ အေဂျင်စီရဲ့လိုငွေက (၄၄၆)သန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ (၄၈)နိုင်ငံပူးပေါင်းပြီး ယို ပေါက်ဖြည့်ပေးခဲ့တယ်လို့ UNRWAကထုတ်ပြန်ပါတယ်။ အခုနှစ်မှာ လိုအပ်တဲ့လုပ်ငန်းတွေလုပ်ဖို့ ဒေါ်လာသန်း(၁၂၀၀)လောက် လိုအပ်ပြီး ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်က အထောက်အပံ့လျှော့ခဲ့ပြီး နောက်ပိုင်းမှာတော့ အထောက်အပံ့လုံးဝရပ်ဆိုင်းခဲ့လို့ အေဂျင်စီရဲ့လုပ်ငန်းတွေ ထိခိုက်ခဲ့တယ်လို့လည်း မဟာမင်းကြီးက ပြောပါတယ်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွေကြောင့် နိုင်ငံရေး အခြေကျဖို့ တုံ့ဆိုင်းနေပေမဲ့ အေဂျင်စီကတော့ အကူအညီပေးရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

 

Related News